Chasing After the Light Called YOU

215 27 27
                                    


အသံကုန်မြည်အော်ဟစ်နေကြတဲ့ လူအုပ်ထဲရောက်နေမှန်းသိရတော့ Yushi မှာ မြန်မြန်ဆန်ဆန်ပဲ ဘေးဘီကိုလှည့်ကြည့်မိတယ် လူတစ်အုပ် တိတိကျကျပြောရရင် fan တစ်စုရဲ့ကြားမှာ ။

stage စင်ကနေ ပျိုးပျိုးပြိုက်ပြိုက်ထွက်နေတဲ့ မီးရောင်တွေကြား Yushi မျက်လုံးတွေပြန်မှိတ်မိတယ် တဖြည်းဖြည်းနဲ့ပြန်ဖွင့်မိချိန်မှာတော့ မီးရောင်တွေကြားက ပုံရိပ်တစ်ခုက တစ်ရွေ့ရွေ့နဲ့လျှောက်လာနေတာတွေ့ရတယ်။

တဖြည်းဖြည်းနဲ့ပုံပေါ်လာတဲ့ အဲ့လူက အနောက်ကမီးရောင်တွေနဲ့ကြောင့် သေချာမမြင်ရသေးတာတောင် ခန္ဓာကိုယ်အချိုးအစားက တော်တော်ကြည့်ကောင်းနေတယ် ။

NCT Sion?

မျက်နှာကိုမြင်ရချိန်မှာတော့ Yushi မှာ အံ့ဩသွားရတယ် သူက NCT concert မှာ ဘာလုပ်နေတာလဲ EXO concert လည်းမဟုတ်ပဲလေ

ငယ်ငယ်တည်းက EXO ကိုသဘောကျတဲ့ Yushi က တိုကျိုကို EXO concert လာလုပ်တိုင်းသွားကြည့်လေ့ရှိတယ် ကြီးလာတော့ အဖွဲ့လိုက်မလာဖြစ်တော့တဲ့အတွက် Yushi မှာ concert မသွားဖြစ်တော့တာတောင် ၅နှစ်ကျော်ရောပေါ့။

Yushi သူငယ်ချင်း Riku ကတော့ EXO နဲ့တင်မရပ်သွားဘဲ NCT အထိ fanboy ဆက်လုပ်နိုင်နေတယ် အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့ Yushi ကတော့ ဘယ်လိုမှ Riku လိုအချိန်မပေးနိုင်ခဲ့ဘူး ဒါကြောင့် သူ့မှာ NCT ကို သိရုံသိတဲ့အနေအထားဖြစ်နေခဲ့တယ်။

ဒါပေမယ့်...။

Yushi အတွေးတွေက အရှေ့ကလျှောက်လာနေတဲ့ Sion ကြောင့် တစ်ဝက်တစ်ပျက်ဖြစ်ကုန်ရတယ် Oh Sion ဆိုတဲ့သူက သူ့မျက်လုံးတွေဆီက မခွါပဲကြည့်ရင်း လျှောက်လာနေတာလေ။

ဘေးကလူတွေအကြောင်းတောင် Yushi မစဉ်းစားနိုင်တော့ဘူး သူ့ကိုကြည့်ရင်းလျှောက်လာနေတဲ့ Sion က တစ်ချက်ပြုံးတော့ Yushi မှာ နှလုံးခုန်တွေအရှိန်မြန်လာရလို့ ရင်ဘတ်လေးကိုလက်နဲ့ဖိထားရတယ်။

"Yushi.."

Sion ရဲ့ သူ့နာမည်ကို ခေါ်လာမှုမှာ အံ့ဩမှုတွေက နှစ်ဆပိုသွားရတယ် Sion အသံက နူးညံ့နေလွန်းလို့ Yushi မှာ လေအေးဖြတ်တိုက်ခံလိုက်ရသလို ကြက်သီးတွေထသွားရတဲ့အတိုင်းခံစားလိုက်ရတာပဲ။

Chasing After the Light Called YOU | YUSIONWhere stories live. Discover now