အပိုင်း(၆)

14 1 0
                                    

"ဗျို့ သူကြီး သူကြီးရှိလား"

"ဟေ့ ဘယ်သူလဲကွ"

"ကျွန်တော်ကိုမောင်ပါ သူကြီးသမီးရဲ့ဧည့်သည်လာပို့တာဗျ"

ခြေတိုင်ရှည်ပျဥ်ထောင်အိမ်ကြီးပေါ်ကနေ မီးအိမ်နှစ်လုံးဖြင့် လူသုံးယောက်ဆင်းလာသည်။မီးအိမ်အား သက်ကြီးပိုင်းလူကြီးတစ်ယောက်ကတစ်လုံးကိုင်ထားပြီး နောက်တစ်လုံးကို သူ့သမီးဖြစ်သူ ခင်ကကိုင်ထားသည်။မီးအိမ်အလင်းရောင်ကြောင့် ခင့်မျက်နှာကို ရှင်းလင်းစွာမြင်ရပြီးနောက်မှာ ဝေရဲ့ကြောက်ရွံ့မှုတွေ စိုးရိမ်ပူပန်မှုတွေ အဝေးကိုလွှင့်ပစ်လိုက်သလိုပင် ရင်ထဲမှာပေါ့ပါးသွားသည်။ဒါတွေနဲ့တစ်ဆက်တည်း လွန်ခဲ့သည့်တစ်လလုံးက လွမ်းဆွေးဒဏ်ခံနေရသည့် နှလုံးသားလေးဟာလည်း ပြန်လည်နွေးထွေးလာပြီး တဒိတ်ဒိတ်နဲ့ခုန်နေ၏။

သမီးဧည့်သည်ရောက်နေသည်ဟု အမေ့ရဲ့ အခန်းတံခါးခေါက်သံကြောင့် ခင်ပင်အံ့သြသွားသည်။ခင်ဆီ ဧည့်သည်လာမည့်သူရှားတယ်လို့မပြောရလောက်အောင် မရှိခဲ့ဖူးချေ။စာဖတ်ရည်ရွယ်ထားသည့် စားပွဲပေါ်ကမီးအိမ်ကိုင်ပြီး အမေနဲ့အဘတို့နဲ့အတူ အိမ်အောက်ဆင်းလာအခိုက်အတန့်မှာ ဘယ်သူပါလိမ့်ဟု ခင့်အတွေးထဲတဝဲလည်နေ၏။ရပ်နေကြသည့် လူလေးယောက်ထဲမှာ မိန်းမငယ်လေးတစ်ယောက်တော့ပါနေသည်ကိုတွေ့ရပေမယ့် မှောင်နေသည့်အတွက် သူ့မျက်နှာကိုတော့ ခင်ရှင်းလင်းစွာတော့ မမြင်ရပေ။ထိုလူတွေအနီးအနားသို့ ရောက်သွားချိန်မှာ ခင်အိပ်မက်များလားလို့တောင် ထင်သွားမိသည်။

"ဝေ"

"ခင်"

သူမတို့နှစ်ယောက်သား မြင်သွားကြသည့်အခိုက်အတန့်မှာ ကမ္ဘာကြီးရပ်တန့်သွားသလိုပင်။ခင်တကယ်ကိုမယုံနိုင်လောက်အောင် အံ့သြမှင်သက်သွား၏။ဝေကဒီကိုရောက်လာစရာ အကြောင်းမရှိဘူးမလား။ဒါကြောင့် ဝေက ခင်ရဲ့လိပ်စာကိုမေးခဲ့တာများလား။

"သမီးအသိလား"

သူများတို့ရဲ့ ဝဲလွင့်နေသည့်စိတ်ကို ဖခင်ဖြစ်သူရွာသူကြီး ဦးဘတူးစကားသံကြားတော့မှ သတိပြန်ဝင်လာကြသည်။

ခွင့်လွှတ်နိုင်ရင်Where stories live. Discover now