" ဟီဆွန်းဟျောင်း.. စိတ်ကြည်နေလားဟင် "
" ကြည်ပါတယ်.. ဘာလို့လဲ "
" ပထမဆုံးအနေနဲ့ပြောချင်တာက တောင်းပန်ပါတယ်။
relationship တစ်ခုထဲကို ခုန်ဝင်ဖို့ အဆင်မပြေသေးတာကို ကိုယ့်ဟာကိုယ်သိရက်နဲ့ အဆင်ပြေမှာပါဆိုပြီး တဇွတ်ထိုးလုပ်ခဲ့မိတဲ့အတွက်...
တကယ်စိတ်ရင်းနဲ့တောင်းပန်တာပါ။
ကျွန်တော်က ချုပ်နှောင်ခံထားရတာကြီးကို မကြိုက်ဘူးထင်ပါရဲ့ ဒီအခြေအနေက အဆင်မပြေသလိုခံစားရတယ် ဟျောင်း... "" ပြီးတော့ ကျွန်တော် အသစ်လည်းမတွေ့သလို ဟျောင်း အပေါ်လည်း သစ္စာမဖောက်ခဲ့ပါဘူး အဲ့ဒါတော့ယုံပေးပါ။
ဒီအတိုင်း မတရားပင်ပန်းလာလို့ ကျွန်တော်ဆက်ပြီး လက်မခံနိုင်တော့တာပဲထင်ပါရဲ့...
ဖြစ်ခဲ့သမျှထဲမှာ ဟျောင်း အမှားမပါတာမို့ ကိုယ့်ကိုယ်ကိုယ် လုံးဝအပြစ်မတင်ပါနဲ့နော် ကျွန်တော်မကောင်းခဲ့တာပါ။ပြီးတော့ ကျေးဇူးအများကြီးတင်ပါတယ်... ကျွန်တော့်ကိုအများကြီးချစ်ပေးခဲ့လို့ "
ရုတ်တရက်ကြီးသူ့ကိုတွေ့ဖို့ခေါ်တဲ့ ကောက်လေးဆီကပထမဆုံးစကားက လမ်းခွဲဖို့မှန်းသိရတော့ သူခပ်သာသာပြုံးမိသည်။ ဒီလိုတွေဖြစ်လာမှာကို အရင်ထဲကကြိုသိထားခဲ့ပါတယ်။
အတွေးအမြင်မတူတဲ့သူတို့နှစ်ယောက်က အစွန်းနှစ်ဖက်ကလူနှစ်ယောက်လိုပဲ။ နီးစပ်မလိုနဲ့ ဝေးကွာနေတဲ့ဖြစ်တည်မှုတွေမဟုတ်လား။
သူလည်းကောင်လေးကိုသဘောကျပါတယ်..။ ဒါပေမဲ့ အခုလိုဆက်သွားနေလို့ မဖြစ်တာကိုသိနေတာမို့ ကောင်လေးဘက်ကပြောလာဖို့ကို စောင့်နေခဲ့ရုံပါ။ လုံလုံလောက်လောက်မချစ်ပေးနိုင်ခဲ့တာမို့ လမ်းခွဲဖို့ကိုအရင်စမပြောရက်ခဲ့လို့ပါ။
" အားမနာနဲ့နော် ဘာမှမဖြစ်ပါဘူး..
ကိုယ်အစောကြီးထဲကတွေးထားပြီးသားပါ။ အဆင်မပြေတာသိနေတာမို့ လမ်းခွဲဖို့ပြောဖို့ကြိုးစားသေးတယ်။ မပြောရက်လို့ ကောင်ငယ် ပြောလာမှာကို စောင့်နေတာ...