"သျှားနေသော်မောင်!!! မာမီ့ကိုဂျစ်မတိုက်စမ်းနဲ့ သင်တန်းတက်တာ အလဟာသဖြစ်မသွားဘူး"
မနက်တည်းက သင်တန်းမတက်ချင်ဘူးဟု ဂျီကျနေတဲ့ သျှားကို အကြမ်းနည်း သုံးရတော့သည်။ ခါတိုင်း သင်တန်းကအဆင်ပြေနေမှ သင်တန်းပြောင်းမယ်တဲ့လေ။
"မာမီကလည်း သျှား နည်းနည်းလေးလွဲသွားတာကို"
"ကားပြန်သိမ်းရမလား"
ခါးကြားထဲမှ ညှပ်ထားတဲ့ သျှားရဲ့ကားသော့အပြာရောင်လေးကို ထုတ်ပြီးပြောတော့ သျှားခဗျာ မျက်လုံးပြူးသွားရသည်။ ရထားတာဖြင့် ၁ပတ်သာရှိသေး ပြန်သိမ်းမှာတော့ မဖြစ်သင့်ဘူး မလား။
"အယ် တက်ပါ့မယ်မာမီရယ် ကားတော့မသိမ်းပါနဲ့"
"ဒီနေ့ညနေသွားမယ်"
"ဟုတ်ကဲ့"
ဆူပုတ်ပုတ်နှင့် အိမ်ပေါ်ကိုပြေးတက်သွားတဲ့ သျှားကို ယဥ်ကတော့ပြုံး၍ ကြည့်နေလေရဲ့။ သျှား လည်းနောက်တစ်ခါမဖြစ်ရအောင် စာတွေထိုင်ကြည့်နေရင်း ညနေစောင်းလာတော့သည်။ ခနနေတော့ မာမီကသတိလာပေးသည်။
"သျှားရေ ခနနေရင်သွားကြမယ်နော် ရေချိုးထား"
"ဟုတ်ကဲ့ မာမီ"
ရေအမြန်ချိုးလာပြီး အောက်ထပ်ဆင်းလာတော့ မာမီနဲ့ဒယ်ဒီ ကစောင့်နှင့်နေပြီ။ မာမီကတော့ သျှား ဝတ်ထားတဲ့ပုံကိုကြည့်ပြီး သဘောကျနေသယောင်။
cargoဘောင်းဘီ အဖြူရောင်လေးကို အပေါ်မှ T-shirt အပြာလေးအပြင် အပေါ်ထပ်အဖြစ် shirt အပါး အဖြူရောင်လေးကိုလည်း ဝတ်ဆင်ထားသည်။ ဦးထုပ်အနေနဲ့က အပြာနုရောင်လေးဖြစ်ပြီး sneaker ကိုလည်းအဖြူနဲ့ အပြာရောစပ်ထားပဲ ဝတ်ထားသည်။ တစ်ကိုယ်လုံး အဖြူနှင့်အပြာထဲက မထွက်သဖြင့် သန့်ပြန့်နေတော့သည်။ ခနခနမြင်ဖူးနေကြဆိုပေမယ့် ဒီနေ့ကြမှ ပို၍ သဘောကျနေမိတော့သည်။ ဆံပင်ကိုကြ ရှုပ်နေတဲ့နေရာလောက်သာစည်းထားတာမို့ မျက်စိတော့မရှုပ်ပေ။ ဒီလိုကြတော့ ဝတ်တတ်စားတတ်သားပဲ။ ကြည့်လို့တော့ကောင်းသည်။
ငယ်ငယ်ကလို "မာမီရေ ဘာဝတ်ရမှာလဲ"ဆိုတဲ့ ကလေးဟုတ်မနေတော့ပေ။
YOU ARE READING
ရွေးချယ်ရန် အထိုက်သင့်ဆုံးသူ [ on going ]
Short Story~ အချစ်ကိုဥပက္ခာပြု၍ ဦးနောက်နဲ့ ရွေးချယ်ရမည်ဆိုရင်တောင် မင်းကရွေးချယ်ဖို့ ထိုက်သင့်တဲ့သူ ~