Kamen Rider 7irus
Ep(1)ရပ်တည်ရမယ့် အချိန်အရာအားလုံးဟာ အချိန်နဲ့ အမျှပြောင်းလဲတက်တယ်ဆိုတာကို ခင်ဗျားတို့ သိကြရဲ့လား၊အဲဒီလို ပြောင်းလဲမှုတွေထဲမှာလည်း ကျွန်တော်ကိုယ်တိုင်ပါဝင်ခဲ့မိတယ်၊ဒါကလည်း မသိလိုက်ခင်မှာ ပါခဲ့ရတဲ့အတွက် နောက်ပြန်ဆုတ်လို့မရတော့ဘူး၊ကျွန်တော်လည်း နောက်ပြန်ဆုတ်လို့ မရတော့ဘူး၊အခုအချိန် ကိုယ်တိုင်အသက်ရှင်ရဖို့အတွက် နာကျင်မှုတွေကို ရင်ဝယ်ပိုက်ထားရင်းနဲ့ အကုန်လုံးက ကိုယ်စီတိုက်ခိုက်နေကြပြီလေ၊ဒါတွေအားလုံးက အိမ်မက်တွေသာ ဖြစ်နေရင် ကောင်းမှာပဲ
💫💫💫💫💫
Taikagawa City
" မင်္ဂလာ နံနက်ခင်းပါ "
" မင်္ဂလာ နံနက်ခင်းပါ "
Taikagawa ရဲ့ အကြီးဆုံးဖြစ်တဲ့ Taikagawa High School ထဲကို ကျောင်းသူ ကျောင်းသားတွေ ဝင်လာနေကြရင်း အချင်းချင်း နှုတ်ဆက်နေကြတော့တယ်၊အဲ့ထဲမှာမှ Inami Muruya ဆိုတဲ့ အထက်တန်းကျောင်းသားလေးလည်း အပါအဝင်ပေါ့၊
" မင်္ဂလာနံနက်ခင်းပါ Inami " လို့ သူ့ရဲ့ သူငယ်ချင်းဖြစ်တဲ့ Yoiku Sashima က နှုတ်ဆက်လိုက်တော့
" အာ့ အေး မင်္ဂလာနံနက်ခင်းပါ " လို့ Inami ကလည်း ပြန်နှုတ်ဆက်လိုက်တယ်၊
" မင်းဒီနေ့ ဘာအစီအစဥ်တွေရှိတုန်း " လို့ Yoiku က မေးတော့ Inami ကလည်း
" မသိဘူးလေ၊မင်းကြေးထပ်ထားသေးလို့လား "ဒီမှာပြောချင်တာ Yoiku ကို Inami ပြောတဲ့ လောင်းကြေးထပ်တာက သူတို့မြို့မှာ Grand Battle Fight လို့ ခေါ်တဲ့ Game show အစီအစဥ်မှာ game ဇာတ်ကောင်တွေကို လောင်းကြေးထပ်တာပါ၊player 15 ယောက်ရှိတဲ့ ဒီ game ဇာတ်ကောင်တွေကို ကိုယ်ကြိုက်ရာတစ်ယောက်ရွေးခြယ်ပြီး လောင်းကြေးထပ်ခွင့်ရှိပါတယ်၊အနိုင်ရထားတဲ့သူက လောင်းကြေးတွေကို ရရှိမှာဖြစ်ပြီး VIP ဝင်ဖို့အတွက်ပါ ရွေးခြယ်ခွင့်ထဲ ပါဝင်လို့ရပါသေးတယ်၊ထို game ဇာတ်ကောင်တွေကို kamen rider လို့လည်း ခေါ်ဝေါ်ကြပါသေးတယ်၊
Yoiku က
" အေးဟ၊ဒီနေ့ ငါ no.8 ကို လောင်းကြေးထပ်ထားတယ် " အခုတစ်ခေါက်က final လေကွာ၊no.8 နဲ့ 6 တို့တွေ့ကြတော့မှာဆိုတော့ ငါ့အထင် Visori(no.8)က နိုင်မယ်ထင်တယ်၊Tishiro(no.6)ကတော့ နိုင်လောက်မယ် မထင်ဘူး " လို့ ပြောတော့ Inami က
" အေးပေါ့လေ၊မင်းကြိုက်တာ မင်းလောင်းပေါ့ " လို့သာ ပြောရင်း နှစ်ယောက်သား ကျောင်းခန်းထဲ ဝင်လာခဲ့ကြတော့တယ်၊