🧷 ✧ ˚.ᵎᵎᵎᵎᵎ🎀 [End]

947 133 5
                                    

🧷 ✧ ˚.ᵎᵎᵎᵎᵎ🎀

"ဆောလ်နူး..ငါ့အပြင်မှာရှိနေမယ်နော်..မငိုနဲ့ကြားလား..နို့ခဲလေးစိတ်မကောင်းဖြစ်နေမယ်"

လူနာတင်ခုတင်ကိုခွဲခန်းထဲပို့တော့မည့်အချိန်တွင်မျက်ရည်များရစ်သိုင်းနေသည့်ဆောလ်နူး၏လက်ကိုတင်းတင်းဆုပ်ကိုင်ပြီးပြောသောဂျောင်ဝန်း တကယ့်တကယ်မှာတော့သူလည်းအသံလှိုင်းများတုန်ရီနေခဲ့သည်။

"အွန်း..ချစ်တယ်..ချစ်တယ်နော် ဂျောင်ဝန်း"

ဆောလ်နူးကမျက်ရည်များဖြင့်ဂျောင်ဝန်း၏လက်ကိုသူ့ပါးဖြင့်ပွတ်သပ်ရင်းပြောသည်။အခုချိန်မှာသူဘယ်လောက်ကြောက်နေလဲ သူသာအသိဆုံးဖြစ်ပေမယ့် ဂျောင်ဝန်းကလည်းနားလည်နေခဲ့သည်။

"အင်း..ငါလည်းချစ်တယ်...နို့ခဲလေးကိုခေါ်ပြီးထွက်ခဲ့နော်"

ဆောလ်နူးကခေါင်းတဆက်ဆက်ငြိမ့်ပြပြီး တင်းတင်းဆုပ်ကိုင်ထားသည့်သူ့လက်တွေကိုလွှတ်ပေးလိုက်သည်။ခွဲခန်းထဲသို့တရွေ့ရွေ့ဝင်သွားသည့်ဆောလ်နူး၏ကုတင်လေးရဲ့နောက်မှာတံခါးပိတ်လိုက်တော့မှ ဂျောင်ဝန်း၏စိုးရိမ်နေတဲ့မျက်နှာအစ်အမှန်ကထွက်ပေါ်လာသည်။

"မာမီ..ဆောလ်နူးအဆင်ပြေပါ့မလားဟင်"

ဂျောင်ဝန်း၏မာမီ့ရင်ခွင်ထဲတိုးဝင်၍မေးသည့်အခါ သူ့ခေါင်းခပ်ဖွဖွပုတ်ပေးလာသောလက်နွေးနွေး။ဆောလ်နူးရှေ့မှာသာသန်မာနေပေမယ့်တကယ့်တကယ်ကျဂျောင်ဝန်းလည်းမရင့်ကျက်သေးတဲ့ကလေးတစ်ယောက်လိုပင်။

"ပြေသွားမှာပါသားရယ်...ဒေါက်တာတွေကတော်တာပဲ..."

သာမန်ကလေးမွေးခြင်းအမှုမျိုးမဟုတ်သည့်အတွက် အားလုံးကပို၍စိတ်ပူရသည်။ဒီလိုမျိုးကိုအတွေ့အကြုံရှိဖူးတဲ့ဆရာဝန်ကလည်းနည်းတာမို့ အန္တရာယ်ကပုံမှန်ထက်ပိုများတဲ့အခြေအနေ။

"ဂျောင်ဝန်း ငြိမ်ငြိမ်ထိုင်နေပါသားရယ်"

ခွဲစိတ်တဲ့အချိန်ကဒေါက်တာခန့်မှန်းပေးထားတဲ့အချိန်မပြည့်သေးပေမယ့်လည်း သူစိတ်ပူနေသောကြောင့်ခွဲခန်းရှေ့မှာအရှေ့အနောက်ဆက်တိုက်လျှောက်နေမိသည်။

The Hidden Blessing/YANGSUN/Where stories live. Discover now