အခန်း (၁)

351 21 0
                                    

"တီးတောင် တီးတောင်..."

အိမ်ရှေ့မှ ဘဲလ်မြည်သံကို ကြားသောအခါ Gem ပေါက်စလေးက အရုပ်များနှင့် ကစားနေရာမှ မေမေကို လှမ်းခေါ်လိုက်သည်။

"မေမေရေ .... ဧည့်သည်လာတယ် ထင်တယ်..."

"အော် အေးအေး..သားလေး"

မေမေက ချက်ပြုတ်နေရာမှ လက်ကို ရေ အမြန်ဆေးကာ သုတ်ပြီး အိမ်တံခါးကို သွားဖွင့်လိုက်သည်။

"မင်္ဂလာပါရှင့်... တွေ့ရတာ ဝမ်းသာပါတယ်ရှင့် ကျွန်မတို့က မနေ့ကမှ ဟိုဘက်ခြံကို ပြောင်းလာတာပါတာ.. ဒီမုန့်လေး စားပါဦး.... ရှေ့လျောက် အကူအညီတောင်းပါတယ်ရှင်"

"အော် ဟိုဘက်ခြံကိုလား အဲ့တာကြောင့် မနေ့က အသံတွေကြားနေရတာကို... ဟုတ်ကဲ့ရှင့်... တွေ့ရတာ ဝမ်းသာပါတယ် အကူအညီလိုရင်ပြောပါ တတ်နိုင်သမျှကူညီပါမယ်."

Gem ချောင်းကြည့်လိုက်တော့ မေမေနှင့် အန်တီကြီးတစ်ယောက်စကားပြောနေသည်။

တစ်ယောက်တည်းတော့ မဟုတ်ဘူး ထင်တယ်... အန်တီကြီးရဲ့နောက်မှာ ခြေထောက်သေးသေးလေး တစ်စုံကို တွေ့နေရတယ်...

"သားသား Fot Fot.. အန်တီကို နှုတ်ဆက်ရမယ်လေ.."

အန်တီကြီးပြောသံကို ကြားနေရသည်။ အန်တီကြီးက အနောက်မှ ခြေထောက်သေးသေးလေးကို အရှေ့ကို ခေါ်ထုတ်လိုက်သည်။

ဆံပင်က ဂုတ်ထောက်လေးနှင့် ပါးဖောင်းဖောင်းနဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။

ကောင်လေးက မေ့မေ့ကို ကြည့်ကာ လက်လေးနှစ်ဖက်ကို ရှေ့တွင် ယှက်လျက်ပြီး ခေါင်းလေးကို ညွတ်ကာ...

"မင်္ဂလာပါ အန်တီ.. တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျ.. သားနာမည်က Fot Fot ပါခင်ဗျ..."

"အိုး .. အိုး လိမ္မာလိုက်တာကွယ်... အမလေး ချစ်ဖို့ကောင်းလိုက်တာ... လာပါဦး အန်တီ့ဆီကို...."

မေမေက ကောင်သေးသေးလေးကို အန်တီကြီးဆီမှ ဆွဲခေါ်ကာ ပွေ့ဖက်လိုက်သည်။

"Gem ရေ ... သားလေး Gem ရေ လာပါဦး.. ဒီမှာသူငယ်ချင်းကို လာနှုတ်ဆက်ပါဦး"

ANYMORE  (Gemfourth)Where stories live. Discover now