'တကျွိကျွိ တညံညံ' မြည်နေတဲ့ ငှက်သံများက မနက်ခင်းတစ်ခုကိုပုံဖော်နေလေသည်။
ဒီကိုရောက်နေတာ ငါးရက်ရှိပြီ၊ ဒီငါးရက်အတွင်းမှာ သေချာပြန်မကောင်းသေးတဲ့ သူ့ခန္ဓာကိုယ်ကြောင့် အိမ်တွင်သာနေရသည်။ မနက်မိုးလင်းလို့စားသောက်ပြီးတာနဲ့ 'ဆန်ချောင်း'က ရေထမ်းရန်ဆိုပြီရွာထဲကိုထွက်သွားပြီး ပြန်လာလျှင် ဆန်လေးငါးလုံးလောက်နဲ့၊ တစ်ခါတလေ အရွက်ဟင်းလေးတွေ၊ ကြက်သွန်၊ဆားတို့လို့ တိုလီမုတ်စလေးတွေလည်းပါလာတတ်သည်။
ရွာထဲရှိ အိမ်တွေမှာ ရေလိုက်ထမ်းပို့ပြီး ထမ်းခအနေနဲ့ ဆန်နဲ့တခြားဟာလေးတွေကို ပြန်ပေးသည်ဖြစ်တာကြောင့် တစ်ခါမှ ဟင်းချက်မစားတဲ့ 'ဆန်ချောင်း'က ပေးသမျှကို သူ့ခြင်းတောင်းထဲသာအကုန်ထည့်ပြီး ယူလာတတ်သည်။မနက်ဆို ထမင်းတစ်အိုးချက်ပြီး ထမင်းအဖြူကိုသာ ရေနဲ့ခေါက်သောက်ရသလို နေ့လယ်စာအနေနဲ့မနက်ကကျန်တဲ့ ထမင်းအနည်းငယ်၊ ညနေရောက်ရင်'ဆန်ချောင်း'ပြန်ပါလာတဲ့ ဆန်ကို အနည်းငယ်ခွဲ ဆန်ပြုတ်တည်ပြီးစားရသည်က 'တလင်း'ရောက်မလာခင် 'ဆန်ချောင်း'တို့မိသားစုရဲ့ နေ့စဉ်လည်ပတ်ပုံဖြစ်ပြီး အခုတော့ပြောင်းလဲသွားပါပြီ။
အချိန်ကူးပြောင်းပြီး ပထမဆုံးမနက်ခင်း မှာ 'တလင်း'ရဲ့ ရင်ဘက်ကိုသာသာလာပုပ်ရင်း 'ဆန်ချောင်း'က လာနိုးလေသည် ၊မနက်ခြောက်နာရီလောက် အချိန်မျှသာရှိသော်လည်း တစ်ကိုယ်လုံးရေတွေစိုရွှဲနေတဲ့ 'ဆန်ချောင်း'က လက်တစ်ဖက်ကကိုင်ထားတဲ့ငါးတွဲကြီးကိုကိုင်ထား၍
" ဆန်ပြုတ် ချက်"
ဟုသာ တစ်ခွန်းပြောပြီး သူ့ကိုမနက်စာပြင်ခိုင်းလေသည်၊ဆန်ပြုတ်က ဆန်ပွားတာကြောင့် မနက်၊ နေ့လယ်၊ ညနေ သုံးခေါက်ကိုခွဲတည်ပြီး ဝဝလင်လင်စားကြရလေသည်။ 'တလင်း'ချက်ကျွေးသော ဆန်ပြုတ်ကို အချိန်တိုင်း အားပါးတရသောက်ကြသည်က 'တလင်း'အတွက် ဝမ်းသားစရာမြင်ကွင်းတစ်ခုပင်။
အတွေးလွန်နေတုန်း အခန်းထဲသို့ဝင်လာတဲ့ ခန္ဓာကိုယ်ထွားထွားကြီး
"ဆန်ပြုတ် ချက်"
"အင်း ဒီနေ့ငါးတွေအများကြီး ရလာတာပဲ"
YOU ARE READING
ဆန်ချောင်းတို့မိသားစု
Historical Fictionအချိန်ကူးပြောင်းလာသော 'ရွှေတလင်း' နဲ့ ဉာဏ်ရည်အနည်းငယ်ချို့တဲ့နေတဲ့ ရွာသားလေး 'ဆန်ချောင်း'၊ ချစ်စဖွယ် ကလေးသုံးယောက်နဲ့အတူ ရွာအငွေ့အသက်လေးတွေနဲ့ ဇာတ်အိမ်တည်ထားပါတယ်။