အခန်း ၅၁

354 35 1
                                    

စစ်မာကျောင်းသည် မည်သည့်ရုပ်သေးရုပ်ကိုမျှ မလွှတ်ပေးခဲ့။ သူသည် ပိုင်လီတောင်ပေါ်ရှိ ရုပ်သေးရုပ်အားလုံးကို တစ်စစီဖြတ်တောက်ပစ်ခဲ့ပြီး တောင်ကြားတွင် သမင်ဖြူလိုက်ဖမ်းနေဆဲဖြစ်သော မြွေနက်ကြီးကိုပါဆွဲကာ ‌‌ ကောင်းကင်ဘုံပေါ်ရှိ‌ ဖေးစံအိမ်တော်ထဲသို့ ထိုးသိပ်ထည့်လိုက်သည်။

ကောင်းကင်ဘုံပေါ်သို့ ရုတ်တရက်ခေါ်ဆောင်ခံလိုက်ရသောမြွေနက်ကြီး - ???

စစ်မာကျောင်း : "မင်း ဒီမှာပဲနေ"

ကုမ္ပဏီဝန်ထမ်းတွေကို အလှည့်ကျကန့်သတ်တာလား...

ထိုဘိုးဘေးမှာ အတော်ပင်ထူးဆန်းလှကြောင်း လျောင်ထင်ယန့် တွေ့ရှိသွားခဲ့သည်။

ပိုင်လီတောင်သို့အပြန် လျောင်ထင်ယန့်မှာ မိုးထက်သို့ တစ်ချက်လှည့်မိသွားရာ ဖေးစံအိမ်တော်ထဲရှိမြွေနက်ကြီးမှာ အလွန်ပင် ထင်သာမြင်သာရှိလှကြောင်းတွေ့မိသွားခဲ့သည်။ စစ်မာကျောင်းသည် အရှိန်မြင့်မြင့်ဖြင့် လျောင်ထင်ယန့်ကို ပိုင်လီတောင်အပြင်သို့ ခေါ်သွားခဲ့သည်။ လျောင်ထင်ယန့်သည် အရှိန်ကြောင့် တုန်လှုပ်စရာကောင်းလှသောလေထုဖိအားကို ခံစားလိုက်ရပြီး ဆံပင်များမှာ ‌လွင့်ကုန်ကြသည်။ သူ့ရှေ့ရှိမြင်ကွင်းမှာ ကို့ယို့ကားယားပင်။

စစ်မာကျောင်း၏အမြန်နှုန်းမှာ အလွန့်အလွန်မြန်လာခဲ့သည်။ ယခင်က လျောင်ထင်ယန့်သည် ဆရာသခင်တုန်းယန်၏ ပျံသန်းခြင်းတွင် ခေါ်သွားခြင်းခံရခဲ့သည်။ သို့သော် စစ်မာကျောင်း၏ အမြန်နှုန်းမှာ အနည်းဆုံးသူ့ထက်အဆတစ်ထောင် ပိုမြန်နေသေးသည်။

ထိုအခိုက်အတန့်၌ လျောင်ထင်ယန့်သည် တောက်တောက်ပပ‌ အဆောက်အဦးများ၊ တူညီဝတ်စုံများဝတ်ဆင်ထားသော မရေမတွက်နိုင်သည့် ဂိုဏ်းသားများ အတူတကွ စုံရုံးနေကြပုံများနှင့် ကမ်းပါးဘေးများလူများ ဆွေးနွေးနေကြသည့်ပုံများကို မြင်ခဲ့ရသည်။ ဘေးရှုခင်းများမှာ အနှေးပြကွက် တစ်ကွက်ပြီးတစ်ကွက်ကဲ့သို့ဖြစ်နေခဲ့သည်။

နောက်ဆုံး၌ စစ်မာကျောင်း‌ရပ်ခဲ့လေပြီ။ သူတို့၏ရှေ့တွင် ကြွယ်ဝချမ်းသာသော မြို့တစ်မြို့ရှိနေသည်။ မြို့တံခါးပေါ်တွင် ကန်းချန်ရှန်းဖူ၏ အမှတ်တံဆိပ်ရှိနေ၏။ ဤနေရာသည် ကန်းချန်ရှန်းဖူ၏ ပိုင်နက်ဖြစ်သင့်သော်လည်း အတွင်းပိုင်းနယ်မြေမဟုတ်ဘဲ အပြင်ပိုင်းနယ်မြေသာဖြစ်ခဲ့သည်။

အရှင်သခင်အား ငါးဆားနယ်တစ်ကောင် ဆက်သခြင်း (မြန်မာဘာသာပြန်)Where stories live. Discover now