2 နှစ်ပြည့်အမှတ်တရ…
ကျယ်ဝန်းလှတဲ့ ခြံဝန်းကြီးတစ်ခုအတွင်း ကိုယ်စီကိုယ်ငှဖြင့်အလုပ်ရှုပ်လို့နေကြသည့် လူများကရှိလို့နေလေသည်
“ ကလေးငယ်ရာ ကြည့်ပါဦး ဂျုံမှုန့်တွေပေလို့ ”
“ ဟီးး… ”
“ ဟုတ်ပါ့ ကိုယ့်ကလေးငယ်မျက်နှာမှာလဲပေကျံလို့ပါပဲလား? ”
“ ဟျောင့် ငါ့ခေါ်တိုင်းလိုက်မခေါ်နဲ့ ”
“ ဖြစ်ရလေ ငါ့ဟာငါခေါ်တာလေ ”
တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းစစ်ခင်းလို့နေသည့် ချင်းဇီဖုန်းနဲ့ရှန်းလီမင်းအား ခေါင်းအသာရမ်းလို့"စိတ်လေတယ်"ဆိုသည့်ပုံစံမျိုးဖြင့်ကြည့်လို့နေသည့် ကျိုးရှီယန်(ဝတ္ထုကမ္ဘာမှရှောင်ယန်)နဲ့ကျိုးရှီယန်
“ အရှင် ကြည့်ပါဦး ဟိုမှာရန်ဆောင်နေပြန်ပြီ ”
“ သူတို့နှစ်ယောက်ကိုလွှတ်ထားလိုက်ပါ… လာ ကိုယ်တို့ ဒါလေးအမြန်ပြီးအောင်လုပ်ရအောင် ”
“ ဟုတ်… ”
သူ့(ဝေ့လွီအန်း)စကားကို ချစ်စဖွယ်အမူအရာလေးဖြင့်ခေါင်းညိတ်ကာပြန်ဖြေလာသည့် သူ(ပိုင်လင်ဟွား)လေးကြောင့် အသည်းယားစွာဖြင့်ခေါင်းအားပွတ်သပ်မိသည်
“ လူကြီး ဒီပုံစံကဘယ်လိုနေလဲဟင်? ”
“ လှတယ်…ကိုယ့်ကလေးတော့မမှီဘူး ”
“ ဟာဗျာ ”
မျက်နှာလေးရဲကာရှက်သွေးဖြာနေသည့် ကြွေရုပ်လေးကြောင့် သဘောကျကာပြုံးလိုက်မိသည်
“ Honey အဲ့လိုမလုပ်ရဘူးလေ…လာ မမပြမယ်”
“ ဟုတ် မမ ”
“ မွ…ချစ်ဖို့ကောင်းလို့ ”
သူမအနားကိုရောက်လာသည့် သူမလေး၏ပါးအား တစ်ချက်နမ်းလိုက်တော့ ရှက်ကာခေါင်းလေးငုံ့သွားသည်မို့ ပြုံးလိုက်မိရင်း လုပ်လက်စအားဆက်လက်လုပ်ရန်ဟန်ပြင်လိုက်သည်
“ ပါပါး ပါပါး…daddy ကအဲ့လိုကျတော့ပိုပြီးကြည့်ကောင်းတယ်မလားဟင်? ”
YOU ARE READING
ဝိညာဉ်ကူးပြောင်းပြီး နောက် အမှန်တရား { Completed } [ပြန်လည်ပြင်ဆင်နေသည်]
RomanceUnicode ဇာတ်လမ်းကတော့မပြောပြတော့ပါဘူးနော် ကိုယ့်ဘာသာကိုယ်ပဲဝင်ဖတ်ကြည့်လိုက်ပါ😁😁 ကိုယ်ပိုင်စိတ်ကူးလေးမို့ပါပထမဦးဆုံးအကြိမ်ရေးခြင်းလည်းဖြစ်ပါတယ် အကောင်းဆုံးကြိုးစားပြီရေးပေးမှာမို့ဖတ်ပေးကြပါဦးနော် ဖတ်ကြည့်လို့မှမကြိုက်ဘူးဆိုရင်ပြောပါ အားမနာနဲ့ရတယ်...