Part 38

4.3K 163 5
                                    

                          🌱

" လေယာဥ်လက်မှတ်က
နှစ်ပတ်လောက်ကြိုဝယ်ထားမှ
အနားနီးမှကပ်ဝယ်ရင် ဈေးကြီးတယ် .."

"ဈေးကြီးတာကိုမကြောက်ပါဘူးဗျာ
ဋီကာလေးက လေယာဥ်မစီးချင်ဘူး ရထားစီးချင်တယ်ဆိုလို့"

" ငါတခု အကြံပေးမယ်လူသစ် .."

" ဟုတ်ကဲ့ ဘာများလဲကိုဖေရင်း .."

" စောစောကမှ ကိစ္စလေးပေါ်လာလို့ကွာ
ငါက မြစ်ကြီးနားကိုဝင်ရဦးမှာ ပူတာအိုကို
တခါတည်းတန်းသွားလို့မရသေးဘူး .. အဲ့ဒါကွာ
ပူတာအိုမှာ အခု ​ဖုန်ရမ်လည်းမရှိသေးဘူးဆိုတော့
မင်းတို့တွေ မြစ်ကြီးနားမှာဝင်လည်ကြပါလား .."

ကိုဖေရင်းစကားကြောင့်
လူသစ်နေက အနားမှာရှိသည့်ဋီကာလေးကို
စောင်းငဲ့ကြည့်လိုက်မိသည် ။

စပီကာဖွင့်ထားသည်မို့လည်း
ကိုဖေရင်းနဲ့ပြောသမျှကို ဋီကာလေးက
အားလုံးကြားနေတာမို့ မျက်လုံးလေးတွေက
အရောင်တဖျက်ဖျက် လက်လာကြသည် ။

ဘယ်လိုလဲလို့ မေးဆတ်ပြလိုက်တော့
ခေါင်းလေးကို အဆက်မပျက်ညိမ့်ပြလေသည် ။

" ဟုတ်ကဲ့ကိုဖေရင်း
အဲ့ဒါဆို ကျနော်တို့လည်း မြစ်ကြီးနားကိုလိုက်ခဲ့မယ် "

" အိုခေ မင်းတို့ ရထားနဲ့သွားမှာဆိုရင်
​ငါလက်မှတ်ဝယ်ပေးထားမယ်လေ ဘယ်လိုလဲ, .."

" အဲ့ဒါဆိုရင်တော့ ကျေးဇူးတင်တာပေါ့ဗျာ
ကျနော်တို့ကို အိပ်စင်ယူပေးနော်ကိုဖေရင်း .."

" အိပ်စင်နဲ့က ခုန်တယ်နော်လူသစ်
လေအိတ်ရထားနဲ့သွားပါလား စီးရတာငြိမ့်ညောင်းတယ် "

ကိုဖေရင်းက လေအိတ်ရထားနဲ့သွားဖို့အကြံပေးပေမယ့်
ဋီကာလေးက သူ့ကိုကြည့်ကာ လက်လေးနှစ်ဖက်ကိုပူးပြီး
ခေါင်းလေးစောင်းပြီး အိပ်သည့်ပုံစံလေးလုပ်ပြ​နေသည် ။

ဋီကာလေးစိတ်တိုင်းကျသာ
အိပ်စင်ပါသည့်ရထားကိုဘဲ ရွေးချယ်ပေးဖြစ်ခဲ့သည် ။

" အေးအေး ..
ငါကတော့ ကားနဲ့ဘဲသွားမှာနော်
ကားဈေးနဲ့ရထားဈေးက အတူတူလောက်ဆိုပေမယ့်
ငါက ကိစ္စလေးရှိသေးတော့ ရထားနဲ့ဆိုကြာနေမှာစိုးလို့ "

ပန်းပျိုးလက် 🌱Where stories live. Discover now