“Gem ရေ စားပြီးရင် ကျောင်းသွားကြမယ်… ညီလေးကိုလဲ ခေါ်ရဉီးမယ်…”
Gem မေမေပြင်ပေးတဲ့ ထမင်းများကို ကုန်အောင်စားပြီး ကျောင်းသွားရန် ထလိုက်သည်။
Gem ကျောင်းတတ်လာတာ ၆လလောက်ရှိတော့မယ်… တစ်ခါမှ ဒီနေ့လို စိတ်မလှုပ်ရှားမိသလိုပဲ…
မေမေနှင့် အိမ်ပြင်ထွက်လာတော့ ဘေးအိမ်တွင် အသင့် ရပ်စောင့်နေကြသော အန်တီကြီးနှင့် အကောင်ပေါက်ကို တွေ့ရသည်။
သူတို့ ကျောင်းဝတ်စုံကို ပဲ ဝတ်ထားသောကြောင့် သူတို့က အဝတ်အစား အတူတူဖြစ်သည်။
သူဒီနေ့မှ သတိထားမိသည်။ သူတို့ ကျောင်း uniform က တော်တော် ချစ်ဖို့ကောင်းတာပဲ….
မေမေတို့က ကျောင်းရှေ့ထိလိုက်ပို့သည်။
“Gem ညီလေးနဲ့ တူတူထိုင်နော် ဘယ်သူမှ အနိုင်မကျင့်စေနဲ့... သားက စောင့်ရှောက်ရမယ်နော်…”
မေမေကလဲ အကောင်ပေါက်ကို စောင့်ရှောက်ဖို့ ပဲ တဖွဖွပြောနေတော့တာပဲ… သူပထမဆုံး ကျောင်းစတတ်တုန်းကတောင် မေမေ ဒီလောက် စိတ်မလှုပ်ရှားသလိုပဲ..
မေမေက သူ့ထက် အကောင်ပေါက်ကို ပိုချစ်နေသလိုပဲ..
ဒါပေမဲ့… သူထူးထူးခြားခြား မနာလို မဖြစ်မိဘူး… ရပါတယ်လေ အကောင်ပေါက်ကိုတော့ သူခြွင်းချက်ထားပေးလိုက်မယ်…...
“ကဲလာ Gem ညီလေးလက်ကိုတွဲ အခန်းထဲထိ ခေါ်သွားလိုက်နော် လက်မလွတ်နဲ့ Fot လေး ကိုကို့လက်ကို မလွတ်နဲ့နော်”
မေမေက ပြောလဲပြော သူလက်ထဲကို အကောင်ပေါက်ရဲ့ လက်လေးတစ်ဖက်ကိုထည့်ပေးသည်။
အဲ့တာနဲ့ပဲ သူလက်ထဲကို လက်လေးတစ်ဖက်က ရောက်လာခဲ့သည်။
မေမေပြောသောကြောင့် သူ လက်ဖောင်းဖောင်းလေးကို တင်းတင်းလေး ဆုပ်ကိုင်လိုက်သည်။
မေမေပြောသလို သူဒီလက်လေးကိုမလွတ်ပဲ ကျောင်းခန်းထဲ ခေါ်သွားပေးမယ်…
လက်မလွတ်ပဲ ခေါ်သွားပေးမယ်… လက်မလွတ်ဘဲနဲ့…...
……………………