"မသတ်ပါနဲ့...မသတ်ကြပါနဲ့"
"မဟုတ်ဘူး...မဟုတ်ဘူး...ထွက်သွား..ထွက်သွားကြ"
"သမီး..သမီး"
"မေမေ..မေမေ"
"အိမ်မက်ဆိုးမက်ပြန်ပြီလားသမီးရယ်"
"ရေ...ရေ"
"အွန်းမေမေခပ်ပေးမယ်"
"ဟူး..."
"အဆင်ပြေရဲ့လားသမီး"
"ဟုတ်ပြေတယ်မေမေ"
"ပြန်အိပ်ဦးမလား၆နာရီတော့ထိုးတော့မယ်"
"ဟင့်အင့်အိပ်လည်းအိပ်ရမယ်မထင်တော့ပါဖူးမေမေရယ်"
"အဲ့တာဆိုမျက်နှာသစ်တော့၊မေမေမနက်စာပြင်ပေးမယ်"
"ဟုတ်"
ဒီအိမ်မက်ကထူးဆန်းသည်။ကြောက်ဖို့ကလည်းကောင်းသည်။သိတတ်စအရွယ်ထဲကအရိပ်လိုအနောက်ကနေတစ်ကောက်ကောက်လိုက်နေခဲ့တာအခုအသက်၂၁ကျော်တဲ့အထိပင်ဖြစ်သည်။
"မိန်းမသမီးလေးအဆင်ပြေလား"
"ပြေတယ်တဲ့"
"ဆရာမကြီးပေးတဲ့ယတျာတွေမလုပ်ဖူးလား"
"လုပ်တာဘဲတော်ရယ်၊တရက်မှမပျက်မကွက်လုပ်တာတောင်သမီးလေးကအမြဲတစေမက်နေတယ်"
"ဘယ်လိုလုပ်ပေးရမလဲဆိုတာမသိတော့ပါဖူးမိန်းမရာ"
"ကျွန်မလည်းအစွမ်းထက်တဲ့ဆရာ/မတွေရှာနေပါတယ်"
"မြန်မြန်ရရင်ကောင်းမာဘဲ"
"အင်းပေါ့ရှင်ရယ်"
**
"သခင်မလေး""ငါကိုယ်တော်ခွင့်ပြုချက်မရဘဲအခန်းထဲကိုဝင်လာရသလား!!"
"ကျွန်တော်မျိုးတောင်းပန်ပါတယ်သခင်မလေး"
"ကြာပွတ်နဲ့အခါ၁၀၀ရိုက်စေ"
"သခင်မလေးကျွန်တော်မျိုးတောင်းပန်ပါတယ်၊သခင်မလေး...!!"
"ဒေါ်ပု"
"အမိန့်ရှိပါသခင်မလေး"
"နောက်ကျကျွန်မအခန်းထဲဒေါ်ပုကလွှဲဘယ်သူမှမလာစေနဲ့လာမခေါ်စေနဲ့"
"အမိန့်တော်တိုင်းပါသခင်မလေး"
"ဒါနဲ့ဘာကိစ္စရှိသလဲ"
YOU ARE READING
စိန်ပန်းပွင့်ပင်အောက်မှအမှတ်တရ
Romanceဟန်နီဘယ်ဘဝရောက်ရောက်ကျွန်မရှေ့ကိုပြန်ခေါ်မယ် #စောဒေဝီ ချမ်းသာသူနဲ့ဆင်းရဲသူတို့မေတ္တာမျှရင်တောင်ပေါင်းဖက်နိုင်ပေမယ့်သခင်မလေးနဲ့ကျွန်တော်မျိူးတို့ကတော့မိန်းကလေးချင်းဖြစ်နေလို့ခွဲခွာခံခဲ့ရတယ် #ပိုးဟန်နီ