chapter 122

163 12 0
                                    

Chapter 122
Chapter 122October 08, 2023
(ချစ်ခင်နှစ်သစ်မှုကို ပြသခြင်း)

အမာရွတ်ရှိသော အမျိုးသားသည်  သွေးထွက်ရပ်တန့်ရန် ဆေးစက်ရုပ်ထံမှ ရှေးဦးသူနာပြုစုမှုကို ခံယူလိုက်သည်။  ထို့နောက် ပြင်ပရှိ စစ်ဘက်ဆိုင်ရာ အာကာသယာဉ် သုံးစင်းတွင်ရှိသော သူ၏ လက်အောက်ငယ်သားများအား ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ပြောလိုက်သည်။သူတို့ပိုင်ဆိုင်သော ဆေးကုသခန်းများအားလုံးကို ဤခရီးသည်တင် အာကာသယာဉ်ပေါ်သို့ ပို့ဆောင်ပြီးနောက် ဌာနချုပ်သို့ ဦးစွာပြန်သွားမည့်အကြောင်းနှင့် ဤတရားဝင်ခရီးသည်တင် အာကာသယာဉ်ကို ဘယ်တော့မှ မတိုက်ခိုက်ရကြောင်းကို ပြောလိုက်သည်။

ဆေးကုသမှုခံယူရာဝယ် အဘယ်ကြောင့် သူတို့ယာဉ်ပေါ်သို့ ပြန်မသွားရခြင်းမှာ၊ယခု သူတို့အားလုံးမှာ ဒဏ်ရာရထားသဖြင့် သွေးအလွန်အကျွံမထွက်စေရန် မလှုပ်ရှားသင့်ပေ။ တခြားအကြောင်းအရင်းတစ်ခုမှာ၊ ဝေ့ယွမ်က သူတို့ကို မယုံကြည်နိုင်သေး၍ ဓားစာခံအဖြစ် ထိန်းသိမ်းထားချင်တာကြောင့်ပင်။

လင်းယောင်ယောင် သိလိုစိတ်ပြင်းပြလာပြီး မေးလိုက်သည်။

"ဘာလို့ သာမန်အခန်းက ခရီးသည်တွေကိုရော ဓားစာခံအဖြစ် မခေါ်ထားတာလဲ"

အမာရွတ်ရှိသူသည် ခါးသီးသော မျက်နှာဖြင့် ကင်းလှည့်တပ်ဖွဲ့၏ ခေါင်းဆောင်ကို ကြည့်နေလိုက်သည်။  သူ့မှာ ယနေ့ အလွန်နာကျင်နေပြီးဖြစ်၍ အရင်က ပိုနာကျင်ရသည့် အတွေ့အကြုံများကို မပြောပြချင်ပေ။

ခေါင်းဆောင်က ချွေးစေးများကို သုတ်လိုက်ပြီး

"အာ...ပိုင်ကျား ဆိုလာစနစ်က မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတာလေ… အာကာသယာဉ်ပေါ်က လူတွေကို သွားထိရင် မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ က ဝင်လာကြမှာ"

မီးခိုးရောင်ဝံပုလွေတပ်ဖွဲ့ သည် ကင်းလှည့်တပ်နှင့် "အနက်ရောင်သွေး" ကြယ်ပင်လယ်ဓားပြများကြားတွင် သဘောတူညီ ပူးပေါင်းခွင့်ရအောင် လုပ်ပေးခဲ့သော်လည်း ဘယ်သူမှ အသက်မဆုံးရှုံးစေရဟူသည့် စည်းကမ်းဖြင့်လည်း ချုပ်နှောင်ထားသည်။ သို့မဟုတ်လျှင် ကင်းလှည့်တပ်နှင့် အနက်ရောင်သွေးပင်လယ်ဓားပြများကို အရေးယူမည်ဖြစ်၏။

ကိုကို့နှင့်သူ့ဘေဘီအစားသရဲလေးWhere stories live. Discover now