Unicode
"လျှာကဝေပြိုင်ပွဲရဲ့ တတိယအကျော့ကနေ ကြိုဆိုပါတယ် ဒီအကျော့ရဲ့themeက အသားဖြစ်ပြီး ဟင်းပွဲကတော့ အသားနဲ့ချည်းပဲ လုပ်ရမှာမဟုတ်ပါဘူး အဓိကအစားအစာအဖြစ် အသားနဲ့ ဟင်းတစ်ပွဲဖြစ်အောင် လုပ်ရမှာဖြစ်ပြီး အရံဟင်းလျာအတွက် အသားကတော့ အဓိကဟင်းပွဲရဲ့ သုံးပုံတစ်ပုံထက် ပိုမများရပါဘူး ကင်တာဖြစ်ဖြစ် ကြော်တာဖြစ်ဖြစ် ပေါင်းတာဖြစ်ဖြစ် မင်းတို့ရဲ့ရွေးချယ်မှုပါပဲ ကဲ စကားလုံးတွေချွေတာပြီး စလိုက်ကြရအောင်" မုန့်ပင်းယွမ်သည် ဂိမ်းမစမီ ပါဝင်သူ 60 အား ဤအကျော့၏themeနှင့် စည်းမျဉ်းများကို အတိုချုံးရှင်းပြခဲ့သည်။
အသားသည် ကြယ်စင်စုများကြားတွင် လူများစွာ စားသုံးကြသည့်အရာဖြစ်သည်။ အဆုံးတွင်တော့ သူတို့သည် ဟင်းသီးဟင်းရွက်များကိုမသိသလို စိုက်ပျိုးရလည်းခက်သောကြောင့် ၎င်းတို့က ဈေးကြီး၏။ သို့သော် အသားကတော့ တိရစ္ဆာန်များမှ တိုက်ရိုက်ရနိုင်သောကြောင့် စျေးပေါပြီး ဟင်းသီးဟင်းရွက်ထက် ပို၍လူကြိုက်များသည်။
သို့သော် အများစုမှာ ချက်ရလွယ်ကူလှသည့်နည်းလမ်းဖြစ်သော ဆားရည်စိမ်ပြီးနောက် ကင်၊ ovenထဲကင်စားကြ၏။
ထို့ကြောင့် ပြိုင်ပွဲဝင်အများစုသည် အသားကင်ရန် ရွေးချယ်ခဲ့ကြသည်။ ကွာခြားချက်များမှာ ၎င်းတို့၏ အသားကင်ခြင်းကျွမ်းကျင်မှုနှင့် ဟင်းခတ်အမွှေးအကြိုင်များဖြစ်သည်။ မကြာခင် နေရာတစ်ခုလုံး မွှေးရနံ့မျိုးစုံဖြင့် ပြည့်နှက်သွားတော့သည်။
ထိုအချိန် ကုပိုင်က သူ့လက်ကိုမြှောက်ပြီး "ကျွန်တော့်ရဲ့ကိုယ်ပိုင်ဟင်းခတ်အမွှေးအကြိုင်တွေကို သုံးလို့ရလား"ဟု မေးလာ၏။
တင်ဆက်သူသာမက အခြားပြိုင်ပွဲဝင်များကပါ ကုပိုင်ကို ကြည့်လိုက်ကြသည်။ တချို့က ကွန်းပလိန်းမတက်ပဲ မနေနိုင်ကြတော့ချေ။
ဒါရိုက်တာက တင်ဆက်သူ၏မိုက်မှတစ်ဆင့် အဖြေပေးလာသည့်အတွက် မုန့်ပင်းယွမ်က "ရပါတယ်၊ ဒါပေမယ့် မင်းရဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို အရင်စစ်ဖို့လိုတယ်"