Chapter 54

735 107 1
                                    

Unicode

သူ လွန်ခဲ့သည့်နှစ်ရက်က တောထဲမှ ဇီယာခူးပြီး ကြော်ခဲ့သည်။ ထို့နောက် ပြန်ထုတ်ပြီး အမှုန့်ဖြစ်အောင်ထောင်း၍ ပဲငံပြာရည်အနောက်၊ ငရုတ်ကောင်း၊ ဆား၊ သကြားတို့ကို ထည့်ကာ ရိုးရိုးဆော့အဖြစ် ရောမွှေလိုက်သည်။

အဆုံးတွင်တော့၊ ဤနေရာရှိ ပါဝင်ပစ္စည်းများသည် ကန့်သတ်ချက်များလွန်း၏။

ပြိုင်ပွဲပြီးဆုံးပြီးနောက် လိုအပ်သော ဟင်းခတ်အမွှေးအကြိုင်များ ပို၍ပြုလုပ်ထားရန် သူဆုံးဖြတ်ထားသည်။ ထိုမှသာ နောင်လာမည့်ပြိုင်ပွဲတွင် သူ အားသာချက်ပိုရရှိနိုင်မည်ပင်။

ကုပိုင် အသား၏အပေါ်ယံမျက်နှာပြင်ကို ဆော့အညီအမျှ ပွတ်တိုက်လိုက်ပြီး အသား၏နက်ရှိုင်းသည့်နေရာသို့ပါ ရောက်သွားစေရန် ခပ်ကြာကြာပွတ်တိုက်ပေးလိုက်သည်။ အချိန်က ကန့်သတ်ချက်ရှိ၏။ မဟုတ်ပါက သူ တစ်ညလုံးပွတ်တိုက်နေမိမည်ဖြစ်သည်။

သူ စပွန်ဆာပေးသောမီးဖိုကို အသုံးမပြုဘဲ အသားများကို မီးပေါ်  တိုက်ရိုက်တင်လိုက်၏။

အသားကင်ရန်က စွမ်းရည်မြင့်မားရန် လိုအပ်သည်။ ကံကောင်းစွာဖြင့် ကုပိုင် ယခင်က အကြိမ်ပေါင်းများစွာ အသားကင်ပြုလုပ်ဖူးသည့်အတွက် ၎င်းက သူ့အတွက် ပြဿနာမဟုတ်ပါချေ။

ထို့အပြင်၊ မီးပေါ်တွင်ကင်ခြင်းသည် အသား၏အရသာ အားကောင်းစေရန် ပိုမိုကောင်းမွန်သောနည်းလမ်းဖြစ်သည်။ လူများကိုပိုမိုဆွဲဆောင်ရန် အနံ့က လျင်လျင်မြန်မြန် ပျံ့နှံ့သွားမည်ဖြစ်၏။

ပြိုင်ပွဲဝင်အားလုံးက ကုပိုင်ကို စိတ်ထဲမှကျိန်ဆဲရင်း တံတွေးမမျိုချမိဘဲ မနေနိုင်တော့ချေ။ သူတို့ကိုယ်သူတို့ အရူးလုပ်ရန်ကျရှုံးသွားပြီး ကုပိုင်ကို မသိစိတ်ကနေ လှမ်းကြည့်လိုက်ကြသည်။

သူတို့အားလုံးထဲမှ ဖန်းဝေ့ရွှမ်းက အသိသာဆုံးပင်။ "အနံ့က အရမ်းကောင်းတာပဲ ငါ့ဟင်းကတောင် အရသာမရှိတော့သလို ခံစားရတယ် ရှောင်ပိုင်က နောက်ပိုင်းမှာ ငါ့အတွက် အသားကင်တစ်ပိုင်း ထားခဲ့ပေးမယ်လို့ မျှော်လင့်တယ်၊ ဒါဆို ဒီနေ့ ဖယ်ထုတ်ခံလိုက်ရင်တောင် နောင်တရစရာမရှိတော့ဘူး"ဟု ပြောရင်း သူ့မျက်၀န်းများတောက်ပလာတော့၏။

ကြယ်စင်စုခေတ်မှာ လယ်လုပ်မယ်Where stories live. Discover now