" ပေးလို့မရဘူး "
စုစုနှိုင်း တစ်ချက် မဲ့၍
" ဘာလို့လဲ မုန့်တွေ့ကအများကြီးကို
စု စားချင်တယ် "ချွဲနွဲ့ပီး ပြောနေသည် စုစုနှိုင်း စကားကြောင့်
နေဇာနီ အမြင်ကပ်လာသည်။မျက်စောင်းဖြင့် ကြည်နေသည် နေဇာနီ ကို
ရှိန်သူရမိုး တွေ့သည်နဲ့ စုစုနှိုင်းအား စကား
ဖြတ်လိုက်သည်။" မင်းစားချင်ရင် သွားဝယ်လေ ငါတပည့်ကို ခေါ်သွား "
"ကိုလက်ထဲက မုန့်မပေးရင်
ကို နဲ့ တူတူသွားဝယ်မယ် "" ငါမအားဘူး "
" ကိုကလဲ မုန့်လဲမပေးဘူး တူတူလဲ မလိုက်ဘူးစို့
စု စိတ်ဆိုးလိုက်မှာနော် "" မင်းစိတ်ဆိုးလဲ ငါမတက်နိုင်ဘူး "
" ကို........ "
စုစုနှိုင်း ဘက်မှ နေဇာနီ ရဲ့ ဘက်သို့ လှည်၍
မျက်စိတစ်လုံးအား မှိတ်ပြရင် နေဇာနီ ရဲ့လက်အား ဖြေညှင် စွာ လှန်ကိုင်ပီး အပေါ်ထပ်သို့
တက်လာသည်။ပါးစပ်ကို ကိုက်၍ ( ကိုအမေနဲ့တိုင်ပြောမယ် )
စို့၍ အောက်ထပ်၌ စုစုနှိုင်း တစ်ယောက်ကျန်ခဲ့လေသည်။အခန်းထဲကို နှစ်ယောက်လုံးရောက်သည်နဲ့
နေဇာနီ ဘက်မှ စကားအရင် စ၏" အဲ့လို့ ပြောလိုက်တာ ကောင်းတယ် "
ရှိန်သူရမိုး နေဇာနီ ဘက်သို့လှည့်၍
ဒီတစ်ခါ စိတ်မဆိုးနေဘယ် ကျေနပ်နေသည်ပုံစံ
ဖြင့် စကားပြောနေတာကို ရှိန်သူရမိုး သတိထားမိ၏" ကိုက မုန့်ပေးလိုက်တာလို့ သူနဲ့လိုက်သွားတာလို့စို့ မင်းလေး စိတ်ဆိုးမှာ မလား ကိုယ်က သိလို့
အဲ့လို့ ကြိုပြောလိုက်တာ "ချက်ချင်းပင့် နေဇာနီမျက်နှာပြက်၍
" ကျွန်တော် စိတ်မဆိုးဘူးစို့ ခများက လိုက်သွားမှာပေါ့ "
" ကြည့် စိတ်ဆိုးနေပြန်ပီး "
" ဘယ်သူက စိတ်ဆိုးနေလို့လဲ
ကျွန်တော် ခများကို ဒီတိုင်းမေးတာလေ "" ကြည့် စိတ်ဆိုးနေတာ သိသာနေတယ်
ကိုယ်ကို ခများ နဲ့ ကျွန်တော် နဲ့ ပြောနေထဲက
မင်း စိတ်ဆိုးနေတာ ကိုယ်သိပီးသာ "