အထက်လူကြီးနှင့် တစ်ညအတူ အိပ်မိခြင်း?

626 56 6
                                    


Seokmin's POV

မနက် ဆယ်နာရီနှင့် သုံးဆယ့်လေးမိနစ်

အအေးဓာတ် တဖြည်းဖြည်း ကုန်ဆုံးလာ၍ ရေငွေ့ပြန်နေသော ဆိုဂျူပုလင်းထဲမှ ‌‌ အေးစက်နေသေးသော အရက်များကို ငှဲ့ကာ တတိယအကြိမ်မြောက် သောက်သုံးလိုက်မိသည်။

ထိုအရည်များ၏ အထိအတွေ့က ခံတွင်းထဲတွင် အေးစက်နေသော်လည်း လည်ချောင်းထဲရောက်သွားသည်နှင့် ပူလောင်ကာ ဆင်းသက်သွား၏။

"ငလူးထဲမှပဲ"

နေ့တောင် မွန်းမတည့်သေးခင် အရက်သောက်နေသူများအား ယခင်က အီဆော့မင် လုံးဝ နားလည်ပေးလို့ မရခဲ့ပါချေ။ ယခု သူကိုယ်တိုင် ထို အရက်အား စိတ်လိုလက်ရ သောက်သုံးနေရမှ နားလည်လေတော့သည်။

ပုံမှန်အသိစိတ်ဖြင့် တောင့်ခံရန်ခက်ခဲသော လက်တွေ့ကို မရင်ဆိုင်နိုင်သောကြောင့် အရက်၏ အကာအကွယ်ကို ယူကာ ခဏလေးပဲဖြစ်ဖြစ် မသိချင်ယောင်ဆောင်ထားချင်၍ပင်။

လူသားချင်းစာနာလျှင်‌တော့ မနက်မိုးလင်းကတည်းက အရက်သောက်နေရသည့်အကြောင်းပြချက်ကို သူ့အား မမေးကြပါနှင့်။

မနေ့က ကုမ္ပဏီညစာစားပွဲ၌ အီဆော့မင်တစ်‌ယောက် အရက်အသောက်လွန်ပြီး သောက်ရူးဖြစ်သွားခြင်းပင်။

ဟုတ်တယ်..ဒီအရက်ကြောင့် ဖြစ်ရတာ!!!
ဒီအရက်ကို မဆင်မခြင် မူးအောင် သောက်လိုက်လို့ ဖြစ်ရတာ!!!

မသောက်တော့ဘူး အိမ်ပြန်ပြီးပဲ အိပ်လိုက်ရအောင်..
အိပ်လိုက်မှ အကုန်မေ့သွားမှာ!
ဟုတ်တယ် အိမ်ပြန်မယ်!!

အား ရှီး..ပြောရင်းနဲ့ ထိုင်ရတာ ဖျင်နာလိုက်တာ..

ခါးကလည်း နာလာသလိုလိုပဲ..ရှီး××

သောက်လက်စ အရက်ပုလင်းနှင့် ‌အသင့်စား‌ ခေါက်ဆွဲလက်ကျန်များအား အမှိုက်ပုံးထဲ လွှင့်ပစ်ပြီး‌နောက် စတိုးဆိုင်ထဲပြန်ဝင်၍

"ခါးကပ်ပလာစတာလေး တစ်ခုလောက် ပေးပါဗျ"
သောက်ရှက်တွေတော့ ကုန်ပါပြီကွာ

မနေ့က ဆော့မင် သုံးနှစ်နေမှ ကုမ္ပဏီတွင် အဖွဲ့မှူးအဖြစ် ရာထူးတိုးခဲ့သည်။ သောကြာနေ့လည်း ဖြစ်သည်မို့ သူတို့ဌာနမှ ဒါရိုက်တာကြီးက ကုမ္ပဏီကတ်ပေး၍ ညစာစားပွဲ လုပ်ခွင့်ပြုသည်နှင့် ဌာနရှိ လူဆယ်ယောက်ကျော်နီးပါး တကယ်ကို စိတ်လွတ်၊လက်လွတ် သောက်စားခဲ့ကြသည်။

ညစာစားပွဲလုပ်တိုင်း ဆော့မင်ကတော့ အသိစိတ်လွတ်တဲ့အထိ ဘယ်တော့မှ မသောက်ပါပေ။ ကိုယ့်သောက်နိုင်စွမ်းကို ကိုယ်သိသည်က တစ်ကြောင်း၊ အိမ်ပြန်လျှင် အငှားယာဉ်‌မောင်းခေါ်ရမည်ဖြစ်သည့်အတွက် အသိစိတ်လွတ်နေလျှင် အိမ်ပြန်မရောက်ပဲ ကျောက်ကပ်တို့ အသည်းတို့ ထုတ်ရောင်းဖို့အတွက် ပြန်ပေးဆွဲခံရမှာကို ကြောက်သည်က တစ်ကြောင်း၊ အကြောင်းမျိုးမျိုးကြောင့် အများကြီးသောက်လေ့မရှိ။

Eternal Cherish💟 (SeokSoo) Where stories live. Discover now