🪻လာဗင်ဒါလေးမှ.....သူ့ဆီသို့🪻
အခန်း(၃)
"သုခရိပ်"ဂေဟာ ဆိုပြီးဖောင်းကြွစာလုံးတွေနဲ့ရေးထိုးထားသည့်ခြံဝန်းကြီးဆီရောက်တော့ တံခါးအစောင့်ဦးလေးကြီးက ချောတို့ကိုတံခါးဖွင့်ပေးလာခဲ့သည်။
"ဟ မောင်ဇေယျာတို့ပဲကွ.....ဆရာမကြီးကတောင်မနေ့ကပြောနေသေးတာ မောင်ဇယျာတို့ဒီတစ်ခါလာတာနောက်ကျတယ်ဆိုပြီးတော့"
ထိုဦးလေးကြီးဟာတံခါးပြန်ပိတ်ပြီးချောတို့ဆီပြေးလာကာပြောနေတော့အကိုဟာခပ်ရေးရေးလေးပြုံးပြကာစကားပြန်ပြောလိုက်သည်။
"ဟုတ်ကဲ့ဦးလေးငြိမ်း....ကျတော်ဒီလထဲအလုပ်များသွားလို့ပြီးတော့ ချောကလည်းစာမေးပွဲရှိနေတာဆိုတော့ နောက်ကျတာ...."
"အော် အေးအေး...ဦးလေးသယ်စရာတွေပါသေးလား"
"ဟုတ်ပါတယ်ဦးငြိမ်း"
အကိုဟာကားနောက်ဖုံးကိုဖွင့်လိုက်ပြီးကလေးလေးတွေအတွက်ဝယ်လာသည့်ပစ္စည်းတွေကိုထုတ်ပေးတော့ ဦးငြိမ်းဟာ ခြံဝန်းထဲသို့လှမ်းအော်လိုက်လေသည်။
"ပိစိတို့ အသေးလေးတို့လာအုံးကွ...ဒီမှာမင်းတို့အကိုလာတယ်"
ထိုဦးလေးကြီးအော်သံကြားသည်နှင့်14,15လောက်ရှိမည့်ကောင်လေးနှစ်ယောက်ကာပြေးလာခဲ့ကြသည်။
"ဟာ့ ကိုကြီးနဲ့မမတို့လာတယ်ဟေ့"
သူတို့ကလှမ်းအော်လိုက်တော့ဂေဟာထဲကနေနောက်ထပ်ကလေးလေးတွေအရွယ်စုံဟာထွက်ကြည့်ကြသလိုအမေကြီးနဲ့အန်တီမြရီကလည်းထွက်လာခဲ့ကြလေသည်။
"သားငယ်နဲ့သမီးတို့ပဲ"
"ဟီးဟုတ်ကဲ့ မေကြီး.....နေကောင်းရဲ့လားရှင့်"
ချောကမေကြီးရဲ့လက်ကိုတွဲကာထိုသို့မေးလိုက်တော့မေကြီးဟာ ချောရဲ့ခေါင်းလေးကိုပွတ်သပ်ပေးလာပြီး
"ကောင်းပါ့ရှင်ကောင်းပါ့...."
"သမီးနဲ့သားတို့ကို မေကြီးကမျှော်နေတာ....မနေ့ကတည်းက မလာသေးကြောင်းတဖွဖွကိုပြောနေတာ"
အန်တီမြရီကပါဝင်ပြော လာတော့အကိုဟာအခုနကဦးလေးကြီးကိုပြောသလိုပဲပြန်ပြောလိုက်လေသည်။
YOU ARE READING
🪻လာဗင်ဒါလေးမှ.....သူ့ဆီသို့🪻
Fantasyအချိန်တွေကြာလာတော့လည်း အကိုတင်စားခဲ့တဲ့လာဗင်ဒါတွေအတိုင်းပဲ လာဗင်ဒါကတော့ပူဆွေးမှုတွေကိုအတိတ်ကာလမှာ ချန်ခဲ့လိုက်ပါပြီ....သို့ပေမယ့်အကို့ကိုပဲချစ်နေလျက်.... အကို့ရဲ့လာဗင်ဒါလေး....🪻🌿💜 #ကျော်ဇေယျာနိုင်+ချစ်ချောခင် #အလွန်း Start date-16.7.2024 End date...