Ep 38
Uni+Zaw
မနက်ဖြန်သည် စပ်ခေါင်ထီရာဇ်၏ ၃၃ နှစ်ပြည့် မွေးနေ့ဖြစ်သည်။သားတော်ထီရာဇ်၏ မွေးနေ့မင်္ဂလာရက်မြတ်အတွက် သခင်ကြီးနှင့်သခင်မကြီးသည် အတိုင်းမသိဝမ်းသာပျော်ရွှင်နေကြသည်။နှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရသော နေ့ရက်လေးသည် နောက်ဆုံးရောက်လာတော့မည်။မနက်ဖြန်ဆို သားတော်ထီရာဇ်လည်း စံအိမ်တော်ကိုပြန်ရောက်မည်။အစစအရာရာအားလုံးလည်း အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်သည်။
" မနက်ဖြန် ညကိုကျော်လွန်ပြီးတာနဲ့ ကိုယ်တို့အိပ်မက်ဆိုးကြီးလည်း ပြီးဆုံးပါပြီ ရှင်မ... "
" ရှင်မလည်းပင်ပန်းခဲ့ရပါပြီ.... "
" အို.....မဟုတ်တာ။ကျွန်မကသာ အစစအရရာအားလုံးအတွက် ရှင့်ကိုအမြဲတမ်းအားနာနေခဲ့ရတာပါ။ "
သခင်ကြီးနှင့်သခင်မကြီးတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း မျက်ရည်များဝဲနေကြ၏။
" နောက်ဆုံးအနေနဲ့လေ ရှိရှိသမျှအပြစ်အကြွေးတွေအားလုံး သားတော်ထီရာဇ်ပေါ်မြူတစ်မှုန်စာတောင် မသက်ရောက်ပါစေနဲ့လို့ ကျွန်မဆုတောင်းပါတယ်။ ဒီအပြစ်တွေကို ဘဝအဆက်ဆက်ကျေတဲ့အထိ ကျွန်မခံယူသွားမှာပါ။ "
" ရှင်မ တစ်ယောက်တည်းမဟုတ်ပါဘူး။ ကိုယ်လည်းအတူတူပါပဲကွာ။ "
××××××××××××
မနက်ဖြန်တွင်ကျရောက်မည့် ခေါင်အာလူမျိုး နှင့်'ဇာမဏီထီရာဇ်' စံအိမ်တော်၏ အရှင်သခင် စပ်ခေါင်ထီရာဇ်၏ ၃၃ နှစ်ပြည့်မွေးနေ့ရက်မြတ်အတွက် ခြိမ့်ခြိမ့်သဲ ပြင်ဆင်နေကြသည်။လွန်ခဲ့သည့် တစ်ပတ်လောက်ကတည်းက ခေါင်အာလူမျိုးတို့သည် ကျေးရွာအတွင်းရှိနေ့စဥ်လုပ်ငန်းဆောင်တာများကို ရပ်နားထားကြပြီး စံအိမ်တော်အတွင်းစုဆုံကာ ပွဲတော်အတွက်ကြိုတင်ပြင်ဆင်ရင်း ပျော်ရွှင်နေကြသည်။
စားကောင်းသောက်ဖွယ်များသည်လည်း အလျှံပယ်။ခေါင်အာလူမျိုးတို့၏အဓိကထုတ်ကုန်ဖြစ်သော အရသာထူးကဲကောင်းမွန်လှသည့် ဝိုင်ဖြူ၊ ဝိုင်နီ၊ စသည်တို့မှာလည်း အားလုံးပျော်ရွှင်စွာ စိတ်တိုင်းကျသုံးဆောင်နိုင်ဖို့အတွက် အကန့်အသတ်မရှိ။
YOU ARE READING
သခင်ကြီးနှင့်စံအိမ်တော်
General Fictionညိုရိပ် ရဲ့ ဒုတိယမြောက် BL OC Fic လေးပါ။ အားနည်းချက်တွေရှိဦးမယ်ဆိုပေမယ့် တတ်နိုင်သလောက်ကြိုးစားရေးထားပါတယ်။ဖတ်ကြည့်ပေးကြပါဦးနော်။ ဒီ Fic လေးထဲမှာ ပါသမျှအကြောင်းအရာအားလုံးသည် ညိုရိပ် စိတ်ကူးယဥ်သက်သက်ပါ။ အပိုင်းတစ် လေးစမဖတ်ခင် Author' s Note လေးအရင်...