Unicode Ver" Hello ,ငယ် ကိုယ့်ကိုဖုန်းတေဘာတေ အရင်ဆက်လို့ပါလား။တခုခု ရှိလို့လား။ "
" မဟုတ်ပါဘူး မနေ့ညက အန်တီနဲ့မာမီ ဖုန်းပြောကြရင်း ကိုထွဋ် နယ်က စံအိမ်ကိုပြောင်းပြီဆိုတာသိရလို့ ဆက်လိုက်တာ ။ "
"သြော် အန်တီ ဆက်ခိုင်းလို့ ဆက်တာပေါ့ ငယ်က "
"အဲ့လိုမဟုတ်ပါဘူး ရှိန်းလည်း ကိုထွဋ်ကိုလည်းသတိရလို့ ပါ။"
"ကိုယ်တို့တောင်ခုနကမှရောက်တာ အခုကြည့်ရသလောက်တော့ ထွေထွေထူးထူးရယ် မရှိပါဘူး။အရင်က ကြားဖူးခဲ့တာတေက ကောလဟာလ သက်သက်ပါပဲ ငယ်ရာ။ "
"သြော် စိတ်၀င်စားစရာလည်းမကောင်းဘူးပဲ။ ပြန်လာရင် လာမလို့ကို "
" ရှိန်းအက်ဒီစွန် {Shane Adison }ကတော့ ရှိန်းအက်ဒီစွန်ပါပဲ ကိစ္စမရှိပဲဆက်မှာတော့မဟုတ်လောက်ပါဘူးလို့။ကိုယ်နဲ့စေ့စပ်ထားတဲ့လူ နေရာစိမ်းမှာအဆင်ပြေရဲ့လား တစ်ခုခုဖြစ်သေးလား စိတ်ပူမယ်မရှိဘူးကွာ။ "
"မဟုတ်တာ အခုလည်း ကိုထွဋ်ကိုစိတ်ပူလို့ဆက်တာပဲလေ။"
" ဘာကို မဟုတ်တာလဲ အခုလည်းစံအိမ်အကြောင်းစပ်စုချင်လို့ ဆက်နေပြီး ကိုယ့်ကိုစိတ်ပူတယ်ဆိုပြီး ပြောနေတယ် "
" အဟင်း "
" ငယ် ဘယ်တော့ပြန်လာမှာလဲ အများကြီးလွမ်းတယ်။ "
"သိပ်တော့မကြာဘူး ဒီမှာနည်းနည်းအနားယူဖြစ်ဦးမယ် ကိုထွဋ် "
"အင်း ဘယ်ချိန်ပြန်လာလာ ငယ်က ကိုယ့်အတွက်ပဲဟုတ်။ငယ်နဲ့ကိုယ်က အတိတ်ဘ၀ကံကြောင့် သွေးနဲ့ပတ်သက်ပြီး ဖူးစာ ပါလာတယ် ဆိုတာ အမေတေ ပြောထားတာကို မှတ်မိတယ်မလား။ ပြီးတော့ ငယ့်သွေးကို ကိုယ်တစ်ယောက်ကပဲလှူပေးနိုင်တာမဟုတ်လား။ "
" အင်း"
အမေနှစ်ယောက်ရဲ့အယူသီးမှုကို ရှိန်း မပြုံးပဲမနေနိုင်တော့ပါ
" အနားယူလို့၀လို့ ပြန်လာတော့မယ်ဆို ကိုယ့်ကိုပြောလာကြိုမယ်။ "
" အင်း အခုတော့ ဘွဲ့ယူဖို့ အခန်းအနား မှာရောက်နေတာမို့ကြာကြာဖုန်းပြောလို့မရဘူး နောက်မှပဲ..."
YOU ARE READING
The Royal