Unicode
🎶 နှလုံးသားရဲ့ ဂီတ 💛
-------- အပိုင်း (၃၂) --------
ဘုန်းးး
တိတ်ဆိတ်နေတဲ့အစည်းအဝေးခန်းမထဲမှာ
ဖိုင်တွဲပစ်ချသံ အကျယ်ကြီးထွက်ပေါ်လာပြီး
လူအားလုံးရဲ့ခေါင်းတွေက အသီးသီး
ငုံ့သွားကြတော့၏။"သုံးရက်လောက်အချိန်ယူပြီး
လုပ်တာတောင် ဒီရလဒ်ပဲထွက်လာတာလား"အော်ဟစ်နေတာမျိုးမဟုတ်ပေမဲ့
Rainရဲ့အေးစက်စက်တစ်လုံးချင်းထွက်လာသည့်
စကားတို့ကြောင့် အားလုံး ပင့်သက်ရှိုက်ကုန်ကာ
တုပ်တုပ်မလှုပ်ရဲကြသလို
အသက်ပင်ရဲရဲ မရှူထုတ်ရဲကြတော့။ဒီတစ်ပတ်ထဲမှာ လူတိုင်းနီးပါး
MDရဲ့ဒေါသကို မြည်းစမ်းဖူးပြီးကြပြီမို့
အထူးအဆန်းမဟုတ်တော့ပေမဲ့လည်း
ကြောက်လန့်မှုကတော့ မရိုးသွားခဲ့ပေ။"ကုမ္ပဏီနှစ်ပတ်လည်ပွဲရောက်ဖို့က
ဘယ်လောက်မှမလိုတော့ဘူး
ဒီအချိန်ထိတောင် သင့်တော်တဲ့အစီအစဥ်တစ်ခုကို
တစ်ယောက်မှ ချမပြနိုင်ကြသေးဘူး"Ting~
MDစကားပြောနေတုန်းမှာပင်
ဖုန်းမက်ဆေ့ဝင်လာသည့်အသံကြောင့်
အားလုံး မျက်နှာတွေဖြူလျော်ကာ
သေမလောက်ထိတ်လန့်သွားရသည်။မသိစိတ်အရ၊ အိတ်ကပ်တွေထဲလက်နှိုက်ကုန်ကာ
ကိုယ့်ဖုန်းမဟုတ်မှသာ စိတ်အေးနိုင်ကြပေမဲ့
အကြောက်အလန့်မရှိ meeting roomထဲ
ဖုန်းသံမပိတ်ထားတဲ့သူကိုလည်း
သူတို့တွေ သိချင်မိကြပြန်သေး၏။ထိုစဥ်၊ စားပွဲထိပ်မှာထိုင်နေသည့်သူ၏
လှုပ်ရှားမှုကလျှင်မြန်ကာ
သူ့ရှေ့မှဖုန်းအားကောက်ကိုင်လို့ကြည့်ပြီးမှ
မျက်နှာအမူအယာဖတ်မရစွာ
ဖုန်းအားပြန်ချလိုက်တာကို
ခိုးကြည့်နေသည့်သူတွေအကုန်
မြင်တွေ့လိုက်ကြရသည်။"သွားတော့၊ ဒီနေ့တော့ ဒီလောက်ပဲ
မနက်ဖြန်နောက်ဆုံးထားပြီးတော့
အကောင်းဆုံးရလဒ်တစ်ခုလိုချင်တယ်""ဟုတ်ကဲ့.. အကောင်းဆုံးကြိုးစားပြီးတော့
ပြန်တင်ပြပါ့မယ်ဆရာ "