အပိုင်း (၁၇၀)

6.8K 807 8
                                    

အပိုင်း (၁၇၀) စပါးခင်းထဲ၌ ငါးနှင့်ပုဇွန်လုံးလေးများဖမ်းခြင်း

သို့သော် ရှောင်ဟန်ကတော့ ကျားယန်ကို အိမ်တော်မှနှင်ထုတ်မည့်ကိစ္စကို ရက်စက်လွန်းတယ်ဟု ခံစားရသဖြင့် သူကတားထားလိုက်လေသည်။

သူက ကျားယန်ကို နည်းနည်းလောက် စောင့်ကြည့်လိုက်ပါဦးမယ်လို့ ပြောခဲ့တာပါ။ သူမက ဒီထက်ပိုဆိုးတာတွေ လုပ်လာမယ်ဆိုရင်တော့ သူလည်းမတတ်နိုင်ဘူးပေါ့လေ။

ဒါပေါ့ ပိုင်လီက သူ့ဇနီးဆန္ဒကို ငြင်းမည်မဟုတ်ဘဲ သူက ရှောင်ဟန်ဆန္ဒရှိသည့်အတိုင်းသာ ဘာမှထပ်မပြောခဲ့တော့ပါချေ။

နောက်တော့ ပိုင်လီက သူရဲ့စပါးစိုက်ခင်းတွေအပါအဝင် တခြားဟင်းသီးဟင်းရွက် စိုက်ခင်းတွေကို သွားစစ်ဆေးဖို့ ရှောင်ဟန်နဲ့အတူ ထွက်လာခဲ့တော့လေသည်။

အခုဆို ရွာထဲမှာ သူတို့က လုံးဝနာမည်ကျော်တွေလိုပါပဲ။ အဲတာက ပြဿနာတွေကြောင့်ရော၊ သူတို့ရဲ့ကြွယ်ဝမှုတွေကြောင့်ရော ဖြစ်နိုင်တယ်။

ဒါမှမဟုတ် ပိုင်အမေတစ်ယောက် ပိုင်ကျန်းအတွက် ဒုတိယအကြိမ်လက်ထပ်ဖို့ ဇနီးလောင်း လိုက်ရွေးနေတယ်ဆိုတဲ့ သတင်းပျံ့နေလို့ ရွာထဲကလူတွေက ပိုင်မိသားစုကို အထူးသတိထား စောင့်ကြည့်နေတာလည်း ဖြစ်နိုင်ပါတယ်။

ပိုင်လီနဲ့ရှောင်ဟန်တို့က သူတို့၏ စိုက်ခင်းများဆီသို့အေးအေးလူလူသာ လမ်းလျောက်သွားခဲ့ကျပြီး သူတို့က စိုက်ခင်းများ၏ ပေါက်ရောက်မှုနှုန်းများနှင့် ဆန်ချောများ၏ အပင်အခြေနေများကို ပြောလာကျတာလည်းဖြစ်သဖြင့် ပတ်ဝန်းကျင်က သူတို့ကိုကြည့်ကာ တီးတိုးပြောနေမည့်စကားသံများကို တကယ်ပင် ဂရုမစိုက်မိတော့ပါချေ။

ဒါပေမယ့် သူတို့တွေ စပါးခင်းတွေဆီ ရောက်တဲ့အခါမှာတော့ အရမ်းအံသြစရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ကျရပါတယ်။

အဲတာကတော့ အတိုက်ခိုက်ပညာသင်ဖို့ပြီး ရှင်းလုနဲ့ကျူးလင်ကို ခေါ်သွားတဲ့ဖုပင်းက စပါးခင်းထဲသို့ရောက်နေပြီး နောက်မှာ ထိုကလေးမလေးတွေလည်း ပါနေသည်ပင်။ ပိုအံသြစရာကောင်းတာက အဲဒီမှာ ချောင်ချင်းချင်းနဲ့ အသေးလေးတွေလည်း ရှိနေတာပါ။

အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ (Completed) အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now