အပိုင်း (၁၇၁)ချောင်ချင်းချင်းလေးကလည်း အတိုက်ခိုက်ပညာ သင်ယူချင်ပါသတဲ့
"အမှန်ပဲ ဒါက ငါးနဲ့ပုဇွန်လေးတွေပဲ မဟုတ်ဘူးလား အဖေက တချို့လူတွေထက် ပိုတော်ပါတယ်ကွာ"
ပိုင်လီထံမှ ထိုစကား ထွက်လာသောအခါတွင် ဖုပင်း၏နှုတ်ခမ်းက အနည်းငယ်မဲ့သွားခဲ့လေသည်။
သူ့ရဲ့သခင်က သခင်ငယ်လေးတွေနဲ့ ပတ်သတ်ရင်အရမ်း ပြိုင်ဆိုင်လိုစိတ်ကြီးတာပဲ။ ဘယ်သူမှလည်း သူ့ကိုနိုင်ချင်မနေပါဘူးနော်။
ဖုပင်းနှင့်မတူစွာ အသေးလေးများက အတေည်လေးပျော်ရွှင်သွားကျပြီး ရှောင်ဟန်ကမူ အံသြသွားလေသည်။
သူ့ခင်ပွန်းက တကယ်ကြီးရွှံ့ရေထဲဆင်းပြီး ငါးနဲ့ပုဇွန်လုံးလေးတွေကို ဖမ်းမလို့ပေါ့လေ။ ဒါပေမယ့် သူ့ခင်ပွန်းရဲ့ လက်ရှိအခြေနေက...။
ရှောင်ဟန်က ထိုအတွေးကြောင့် ပိုင်လီကို သတိပေးချင်သေးပေမယ့်လည်း နောက်ဆုံးမှာတော့ သူက ဘာမှမပြောဖြစ်လိုက်ပါချေ။
ဒါကြောင့် ပိုင်လီက ရွှံ့ရေထဲဆင်းပြီး ငါးနှင့်ပုဇွန်လုံးများကို ဖမ်းမိသွားကာ သူက သိသိသာသာပင် ဖုပင်းထက် အများကြီး ဖမ်းနိုင်ခဲ့တာလည်းဖြစ်လေသည်။
ပိုင်လီနဲ့ဖုပင်းက တစ်ကောင်ကောင် ဖမ်းမိတုန်းမှာအသေးလေးတွေက အော်ဟစ်ပြီး အားပေးလာကျပါလိမ့်မယ်။ ဒီတော့ ထိုကစားပွဲက ဖုပင်းနဲ့ပိုင်လီကြားက ငါး၊ပုဇွန်ပြိုင်ဖမ်းပွဲလေးလို ဖြစ်သွားခဲ့ပြီး ရလဒ်ကတော့ အနိုင်ရသူက ခြွင်းချက်မရှိ ပိုင်လီပါပဲ။
နောက်တော့ ပိုင်လီက ရှောင်ဟန်ကိုပါ ငါးဖမ်းနည်းသင်ပေးမည်ဟုဆိုကာ ရွှံ့ရေထဲဆင်းခိုင်ခဲ့ပြီး နောက်ပိုင်းတွင်သူတို့က ကလေးတွေလိုပင် စနောက်ကာ ကစားနေခဲ့ကျလေသည်။
ဒါကြောင့် သူတို့တွေ အိမ်တော်ပြန်ရောက်တဲ့အခါမှာတော့ အိမ်ကိုလာတဲ့ပိုင်အမေနဲ့တိုးပြီး အဆူထံထိပါတော့တယ်။
ပိုင်အမေက သူတို့ကို ကလေးတွေရှေ့မဆူဘဲ သီးသန့်ခေါ်သွားပြီးမှ...
"မင်းတို့ကိုယ်မင်းတို့ကြည့်စမ်း တစ်ကိုယ်လည်း ရွံ့တွေချည်းပဲ မင်းတို့ကလေးတွေနဲ့ စပါးခင်းထဲမှာကစားနေကျတာဆို မင်းတို့ကိုယ်မင်းတို့ ဘယ်အရွယ်တွေထင်နေလို့တုန်း"
YOU ARE READING
အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ (Completed) အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ