19

1.3K 105 17
                                    

ဆေးရုံတက်နေရတဲ့ သားကိုရှယ်ပြုစုနေတဲ့ အမေဖြစ်သူ..အကိုနဲ့အဖေက ခိုင်းသမျှလုပ်ပေးနေရပြီး Jungkook ကတော့ အမေ ကျွေးသမျှစားနေရသည်.

" ညီကိုနှစ်ယောက် အိမ်မှာဘယ်လိုနေကြလည်းအစားရောစားရဲ့လားမျက်နှာလေးကိုကြည့်ပါအုံး ချောင်နေတာပဲ စားဒါလေးစားကြည့်မလား သားကြိုက်တယ်လေ ဒါလေးရောပဲ အအေးသောက်အုံးမလား ဒါသားကြိုက်တဲ့ အချိုနည်းတဲ့အအေးလေ "

အမေကကလေးလေးတယောက်လို အကုန်လုပ်ပေးနေတော့ ဘေးမှာရှိတဲ့သူ၏ချစ်ချစ်လေးကိုတောင်အားနာမိသည်..

မိဘတွေမသိသေးတော့ TaeTae နဲ့ မသိတဲ့တစိမ်းတွေလိုနေနေရတာကလည်း သူ့အတွက်တော်တော်လေးကိုအဆင်မပြေ..

သူကတော့တိုင်တိုင်ဆိုင်ဆိုင်အမေတို့လာချိန်နဲ့ခုလိုဆေးရုံတက်ရတော့ ဂရုစိုက်​ပေးမယ့်အမေအနားမှာရှိကာ သူ့၏ချစ်သူလေးမှာတော့ မိဘနှစ်ပါးက ဒယ်ဂူကရောက် မလာသေးသလို အကိုဖြစ်သူကလည်းနဂိုကမှမလှုပ်တလှုပ်ဆိုတော့ ကလေးလေးအားငယ်နေမလားဆိုပြီးစိတ်ပူနေရပြန်သည်..

အမေတခုခုကျွေးတိုင်း မျက်လုံးထောင်းကနေခိုးခိုးကြည့်မိရင် စားချင်လို့မျှော်နေတဲ့ TaeTae ရဲ့မျက်နှာလေးကိုလှမ်းမြင်ပြန်တော့သနားလည်းသနားသလို အသဲယားပြီး ချစ်လည်းချစ်နေရသည်..

Yoongi ကလည်းနေ့လည်စာသွားဝယ်တာလား သွားများအိပ်နေသလားအောင်မေးရတယ်ပေါ်ကိုမလာသေး.TaeTae လှမ်းကြည့်နေတာသတိထားမိနေတာကြောင့် အမေဖြစ်သူကို

" အမေသားကိုတစ်ရှူးလေးပေးပါ "

ထိုင်ခုံနဲ့ဝေးရာမှာ ထားထားတာကြောင့် သူ့နားကထပြီး တစ်ရှုးသွားယူချိန်မှာ အသီးဘူးထဲက စတော်ဘယ်ရီကို ကမန်းကတန်းလှမ်းယူကာ တဖက်က ချစ်ချစ်ကိုလှမ်းပေးတော့ နှစ်ယောက်သားအိပ်နေရင်း ကုတင်ကြားထဲ လက်ကလေးတန်းလို့ မုန်းခိုး​ကျွေးနေသည်..

သူလှမ်းပေးတဲ့ စတော်ဘယ်ရီကို စောင်လေးခြုံံပြီး ခိုးစားနေတဲ့ TaeTae..သူတို့နှစ်ယောက်အဖြစ်ကိုတွေးပြီးသဘောကျနေသေးတာ ..

ထိုအချိန် Jungkook ရဲ့အမေက TaeTae လှမ်းကြည့်နေတာကိုမြင်လို့သွားကာ လှမ်းခေါ်လိုက်တော့ နှစ်ယောက်သား အမေမိပြီထင်ကာမျက်လုံးပြူးမျက်စံပြူးဖြစ်နေကြသည်..

ကိုကို့ ဘေဘီထယ် (Complete) Where stories live. Discover now