'အန်တီမကောင်းဘူး
အန်တီသစ္စာဖောက်တယ်
အန်တီငါ့နောက်ကွယ်မှာ ဖောက်ပြန်နေတယ်
အန်တီလူယုတ်မာ'လက်သည်းထိပ်များကိုစိတ်လွတ်နေတဲ့လူတစ်ယောက်ကိုတစ်ချောင်းစီကိုက်ရင်း မှူးအကြိမ်ကြိမ်ချရေရွတ်နေမိတော့သည် မျက်နှာတစ်ခုလုံးလဲမျက်ရည်တွေကြောင့်စိုရွှဲနေပြီ ငိုရပါများလို့မျက်စိတွေတောင်မဖွင့်နိုင်တော့သည်ခံစားမိနေသည်
'မှူး ရယ် တော်ပါတော့နော်'
လက်ချောင်းတစ်ချို့မှာသွေးစလေးတွေတောင်စို့နေပြီမို့ အန်တီမယ်ကမှူးရဲ့လက်ကိုဆုပ်ကိုင်ကာတားသည်
'တော်ပါတော့ကလေးရယ် နော်'
အန်တီမယ့်မျက်ဝန်းထဲမှာ မှူးကိုသနားတဲ့အရိပ်အယောင်တွေပြည့်နှက်နေသည်
'သူ သူမို့လို့ သူမို့လို့မှူးအပေါ် မှူးအပေါ်ကိုဒီလိုလုပ်ရက်တယ်'
မယ် ရှိုက်သံတွေနဲ့စကားတောင်ဖြောင့်ဖြောင့်မပြောနိုင်တဲ့ချစ်ရသူလေးကို သက်သာလိုသက်သာစေငြား ရင်ခွင်ထဲထည့်ဖက်ထားပေးမိသည်
'မှူး သူတစ်ယောက်ထဲအတွက်ပဲကြည့်ပေးနေခဲ့တာ သူ့ကိုပဲဂရုစိုက်ပေးနေခဲ့တာ မှူးကိုယ်မှူးထပ် သူ့အတွက်ပဲအရင်တွေးပေးခဲ့တာကို သူမို့လို့ သူမို့လို့မှူးအပေါ်ဒီလိုလုပ်ရက်ကျူးလွန်တယ် အန်တီမကောင်းဘူး'
တို့တောင်းပန်ပါတယ်ကွယ် တို့သတ္တိကြောင်နေမိခဲ့တာကြောင့် မင်းကိုသူနဲ့ပေါင်းစည်းသွားစေမိတယ် တို့အမှားပါကွယ်
ချစ်ရသူလေးမသိအောင် မျက်ဝန်းထဲကကျဆင်းလာတဲ့မျက်ရည်တွေကိုအမြန်သုတ်ပစ်လိုက်သည်'သူကအရင်တည်းကဒီလိုလူလားဟင် သူနဲ့ဟန်စုရီကဘယ်အချိန်ထဲကဒီလိုဖြစ်နေကြတာလဲ အန်တီမယ်သိလားဟင်'
'တို့..'
'အန်တီမယ်လဲဘယ်သိလောက်မလဲ တစ်အိမ်တည်း တစ်ကုတင်တည်းအတူနေတဲ့မှူးတောင်မသိတာ အန်တီမယ်ကလဲဘယ်လိုလုပ်သိမှာလဲ'မှူး မခံမရပ်နိုင်ဖြစ်လာတဲ့စိတ်တွေကြောင့်နှုတ်ခမ်းကိုသွားနဲ့ခပ်နာနာလေးဖိကိုက်မိရင်း
'မှူးကတော့သူ့ကိုသတင်းကောင်းလေးပြောပြချင်လို့အပြေးလေးသွားခဲ့တာ သူကတော့'
CZYTASZ
Lovestop(Complete)
Romansမှူး-'ဟင့်အင် အန်တီကမှူးအပိုင်ပဲ' လွှာ-မင်းကသာငါ့အပိုင်ဖြစ်ခဲ့တာ ဘွဲ့မှူး ငါမင်းအပိုင်မဖြစ်ခဲ့ဘူး ငါကအမြဲစုရီအပိုင်ပဲ' မှူး-'အန်တီဘာသာ ဟန်စုရီဆိုတဲ့ကိုပိုချစ်ချစ်မချစ်ချစ် သူကမယားငယ်ကမယားငယ်ပဲ' လွှာ-'မယားငယ်! ဒါကမင်းတို့အမြင်အရပါကွာ တကယ်ဆို မင်းကသာs...