ဟူး။ သူ့ကိစ္စသေးသေးလေးတွေကအစ လိုက်ပါပြီး ဒီလိုကိစ္စတွေအထိ သိနေတာက သာမာန်မဟုတ်ကြောင်း Jihoon သဘောပေါက်လိုက်သည်။ မဟုတ်မှလွဲရော ဦးငယ် သူ့နောက်ကို SPY များလွှတ်ထားတာလား။ တိုက်ခန်းက ပြန်ထွက်လာကတည်းက မျက်နှာမကောင်းတာမို့ ဘာကိစ္စလဲဆိုတာလည်း Soonyoung မမေးမိပေ။ အခုလည်း ကားပေါ်မှာ သက်ပြင်းတချချနှင့် တစ်ခုခုကို စဉ်းစားနေသလို မျက်နှာကလည်း မှုန်ကုတ်နေသေးသည်။
တင်း။ ဖုန်းမက်ဆေ့ချ်သံကြောင့် ကောက်ကြည့်လိုက်တော့ Jeon Wonwoo ထံမှဖြစ်နေသည်။
"Lee Jihoon .... ငါ သက်သေရှာတွေ့ပြီ ... မကြာခင် မင်းရှေ့ခေါ်လာခဲ့မယ်"
ဒီတစ်ယောက်ကတစ်မျိုး။ သူ့အဖေက သစ္စာဖောက်မဟုတ်ကြောင်း သက်သေပြဖို့ ဘယ်လိုလူတွေ သွားရှာလာဦးမလဲမသိဘူး။ သူ့မိဘတွေကိစ္စကိုစုံစမ်းဖို့ နေနေသာသာ ကွန်တိန်နာကိစ္စက ရှင်းရဦးမည်။ သေချာမစစ်ဆေးတဲ့ Capo လက်အောက်က ၂ယောက်ကိုတော့ တာဝန်မကျေလို့ လက်စဖျောက်လိုက်ပြီဖြစ်သည်။ ပါသွားတဲ့ ပစ္စည်းတန်ဖိုးက မနည်းတာမို့ Jihoon လိုက်ဖို့ စီစဉ်ထားပေမယ့် သူ့အကြောင်းတောင် လိုက်စုံစမ်းဖို့အထိ အားနေတဲ့ ဦးငယ်ကို တာဝန်ပေးလိုက်တော့သည်။
------------------------
စိတ်ပြေလက်ပျောက်ဖြစ်အောင် Soonyoung က Villa မောင်းခိုင်းလိုက်ပြီး ဆိုင်ကယ်နှင့် ပင်လယ်ဘက်သွားဖို့ ဆုံးဖြတ်လိုက်သည်။ အရင်တစ်ခါအဲ့ကနေ ပြန်ပေးဆွဲခံလိုက်ရတာကြောင့် ပင်လယ်ဘက်မသွားတာ အတော်ကြာလေသည်။ ဒီတစ်ခေါက်တော့ အရင်တစ်ခါလို Jihoon ကို ဘယ်သူ့နောက်မှမပါမခံစေရဘူး။ အရင်လိုမဟုတ်ဘဲ မျက်စိရှင်ရှင်ထားကာ သေချာ ဂရုစိုက်ရမည်။
ပင်လယ်ဘက်ရောက်သော် >>>>>
ပင်လယ်ရဲ့လေညင်းကိုခံစားရင်း ကိစ္စတစ်ခုသတိရသွားတာကြောင့် Soonyoung ကို ကျောပေးထားရာမှ
"Soonyoung"
"ဟုတ်ကဲ့ Boss"
အနောက်မှ ချက်ချင်းဆိုသလို ပြန်ပေးလာတဲ့အသံကို နားထောင်ပြီး
"မင်း ငါ့အပေါ်ဖုံးကွယ်ထားတာ တစ်ခုခုရှိလို့လား"
"ဗျ...ဗျာ"
YOU ARE READING
𝗖𝗿𝗼𝘄𝗻 & 𝗞𝗻𝗶𝗴𝗵𝘁 ⚔️
Fanfictionချစ်ခြင်းမေတ္တာဆိုတာ လူနှစ်ယောက်ကြားမှာ ပေါက်ဖွားလာတဲ့ လှပတဲ့ အနုပညာလေးတစ်ခုပါ အနုပညာကို ခံစားဖို့ နူးညံ့တဲ့ နှလုံးသားတစ်စုံဘဲ လိုအပ်ပါတယ် 🤍