22

357 40 5
                                    

Unicode

Rosé ဟာအပြင်သွားဖို့ အင်္ကျီရော မိတ်ကပ်ရော အကုန်ပြင်ဆင်ပြီးပြီဖြစ်သည်။ ဒီနေ့သူ သဘောကျနေတဲ့သူလေးပါမှာဆိုတော့ ပုံမှန်ထပ်တော့ပို အချိန်ယူရတာပေါ့။ ဒါ‌ကြောင့် Rosé တစ်ယောက် ဇွဲရှိရှိနှင့် 11နာရီလောက်မှသွားမည့်ခရီးကို မနက်စောစောထပြီး ပြင်ဆင်နေသည်။

အစောကြီးတည်းက Rosé ဟာမြို့ပတ်ပြီးပါပြီ။ ရေချိုး၊မိတ်ကပ်ပြင်ပြီး ကားနှင့်အပြင်ထွက်ပြီး beauty salon တစ်ခုစီရောက်သွားပါရော။ hairstylist ကို သူ့ outfitနဲ့လိုက်တဲ့ပုံကို ပြင်ပေးပါဟုပြောတော့ ဆံပင်ကောက်မလားပါတဲ့။ Rosé ဟာလဲခေါင်းပဲငြိမ့်ပြလိုက်သည်။

Hairstylist ဟာ Rosé ရဲ့ဆံပင်တွေကိုစုစီးလိုက်ပြီး အောက်ခြေမှာနည်းနည်းလေးသာကျန်အောင် စုသိမ်းလိုက်သည်။ အရှေ့မှာလည်းဆံပင်ဟာ နည်းနည်းလေးသာချထားသည်။ stylist ကဒါနဲ့ပဲ Rosé ကိုလှ‌အောင်လုပ်လိုက်သည်။ Rosé ကလဲကြိုက်ပါတယ်။ ပြီးသွားတဲ့အခါ stylish ကိုပိုက်ဆံပေးပြီး အိမ်ပြန်လာခဲ့သည်။ အမှန်တကယ်တော့ဒီအချိန်ဆို အိမ်မှာအကုန်လုံးကရေချိုးတုန်းပဲရှိဦးမှာ။ Rosé အခန်းထဲမှာထိုင်နေရုံမှအပြင်လုပ်စရာမရှိပါ။

Rosé ဘာလို့ ဒီလောက်ထိလုပ်နေလဲဆိုတော့ အမှန်တကယ်တော့ ဒီနေ့သွားမှာက Honolulu မြို့ကနေရာမဟုတ်ဘူးရယ်။ Honolulu မြို့တောင်မဟုတ်ပါဘူး Oahu (Honolulu မြို့တည်ရှိရာကျွန်း) နဲ့ မိုင်180ကျော်ဝေးတဲ့နေရာ Maui ကျွန်းပေါ်သွားမှာပါ။ အတိအကျဆို 187 မိုင်ပေါ့။

Daddyကြောင့်ပါ။ သူက Oahuကျွန်းပေါ်နှံ့နေပြီဆိုလို့ ဒီကျွန်းပေါ်တင်သွားမဲ့ အစီအစဉ်လေးပျက်သွားတာ။ ဒါပေမဲ့ Daddy ကို‌Rosé ကျေးဇူးလဲတင်သည်။ Jisooပြောတာ Jisooကအဲ့ကျွန်းကိုအရမ်းကြိုက်တာတဲ့။ ရေလမ်းကိုဖြတ်ရမှာမလို့သာ ခဏခဏမသွားတာဆိုပဲ။

နောက်ဆုံးအ‌နေနဲ့ပိုက်ဆံအိတ်ကောက်လွယ်ကာ ညကပြင်ထားသည့် ခရီးဆောင်အိတ်အသေးလေးကို ဆွဲပြီးအခန်းထဲကနေ Rosé ထွက်လာခဲ့သည်။ ဒေါက်ဖိနပ်စီးထားတာမလို့ ကျွန်းလှေကားတွေအောက်ကို ဖြေးဖြေးချင်းစီ ဆင်းလာကာ Rosé ကိုအကြည့်မလွဲပဲကြည့်နေသည့် အိမ်ဝင်ပေါက်က Jennie စီလမ်းလျှောက်လာသည်။

LocoWhere stories live. Discover now