Arc(12) ဟွေ့ရှောက်ရယ်(၇)။
လင်ခုံးလုမှာအထဲဝင်လာပြီးနောက် သူဝယ်လာခဲ့သည့်ပစ္စည်းများကိုစထုတ်တော့သည်။
သူအိတ်ထဲကပစ္စည်းများကိုတစ်ခုပြီးတစ်ခုထုတ်လိုက်ပြီး သူ့မျက်နှာထားမှာပျော်ရွှင်မှုနှင့်ပြည့်နေတုန်းဖြစ်ကာပြောလာသည်။
"ဒီတစ်ခေါက်မင်းလည်းပိုက်ဆံရဖို့ကူညီပေးခဲ့တာ။ ငါမင်းခန္ဓာကိုယ်အားပြည့်အောင်လို့ မင်းအတွက်အသား၊ ကြက်ဥနဲ့နွားနို့တချို့ဝယ်လာပေးတယ်၊ မင်းကြိုက်တဲ့ခရုခြောက်လည်းပါတယ်။ စူပါမားကတ်ထဲမှာဒစ်စကောင့်ချထားတာလေ၊ စျေးကပုံမှန်စျေးရဲ့တစ်ဝက်ပဲရှိတာ။ တန်တယ်မလား။"ရှန်စစ်: "....."
သူကြိုက်တယ်လို့ဘယ်တုန်းကပြောခဲ့မိလို့တုန်း?
သို့သော်အရင်တစ်ခေါက်ပင်လယ်ဆန်ပြုတ်ထဲမှာခရုနှစ်ကောင်ပါပြီး နှစ်ကောင်လုံးကိုတစ်ဖက်လူစားသွားတာဖြစ်သည်။ ဂျနီဖာစားချင်နေတာဖြစ်ရမည်ဟုသူတွေးလိုက်မိသည်။
ပြီးတော့သူစားတဲ့အစားအစာအတွက်လိုအပ်ချက်ကြီးကြီးမားမားမရှိပေ၊ သူ့အကြိုက်မဟုတ်တာမဟုတ်သရွေ့ပေါ့။ သူအာလူးနှပ်မစားချင်တာကအရင်ဘဝမှာနေ့တိုင်းစားခဲ့တာမို့လို့ဖြစ်သည်။
ဒါပေမဲ့လင်ခုံးလုကိုယ်တိုင်ချက်ပေးတဲ့ညစာကိုစားပြီးနောက်မှာ။
ရှန်စစ်တိတ်ကျသွားရပြန်သည်။
အမှန်တော့...အစားအစာအတွက်လိုအပ်ချက်ကြီးကြီးမားမားမရှိဘူးဆိုတာကမစားဘူးဟုမဆိုလိုပေ။ သူပုလဲပန်းကျောက်သီပြီးရလာတဲ့ပိုက်ဆံဆိုမှတော့ဘာလို့မစားဘဲနေရမှာလဲ။
လုပ်စရာမလိုရင်တောင့်ထားစရာမလိုအပ်။
လင်ခုံးလုသူ့ကိုစားဖို့ခေါ်မှာမဟုတ်မှန်းသိထားတော့သူတိတ်တိတ်လေးလက်ဦးမှုရယူကာစားပွဲရှေ့မှာထိုင်လိုက်သည်။
လင်ခုံးလုကစားနှင့်ပြီပင်။ သူဒါကိုမြင်တော့မနေနိုင်ဘဲပြုံးလိုက်မိသည်။ သူကျပန်းတူတစ်စုံကောက်ကိုင်ကာပုံမှန်ဖြစ်ချင်ယောင်ဆောင်လိုက်သည်။
"စားပြီးရင်ပန်းကန်ဆေး။"
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
AksiArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့