20

1.5K 112 22
                                    

"Kim TaeTae!!!"

ကြားလိုက်ရတဲ့ အသံကြောင့် Jungkook ပေါ်ကနေကမန်းကတန်းထလိုက်ပြီး အရှေ့သို့ပြေးထွက်လာတဲ့ TaeTae..

"အ အ အမေ "

" အဲ့တာဘာလုပ်နေတာလည်း ဟမ်အဲ့တာဘာလုပ်နေတာလည်း!!!"

Jungkook မှာလည်း ဝှီးချဲကိုလက်ဖြင့်တွန်းကာ TaeTae အနောက်ကနေရောက်လာသလို အခန်းထဲသို့ဒယောသောပါးပြေးဝင်လာတဲ့ Yoongi..

"အမေ!!!"

" လာခဲ့စမ်း နင်ပါ "

Yoongi ရဲ့နားကိုပါဆွဲကာ အခန်းထဲသို့ဆွဲခေါ်လိုက်ပြီး ညီကိုနှစ်ယောက်ကို အခန်းရဲ့ဆိုဖာမှာထိုင်ခိုင်းထားကာ ဝှီးချဲပေါ်က Jungkook ကိုလည်း တချက်လှည့်ကြည့်လိုက်ပြီး

"မင်းအပြင်ထွက်ပေးလို့ရမလား "

" ဟုတ် ဟုတ်ကဲ့အန်တီ "

Jungkook အပြင်ကိုထွက်ဖို့အလုပ် တံခါးဝမှာ အဖေဖြစ်သူဝင်လာတာကို ခေါင်းလေးငုံ့ကာနှုတ်ဆက်လို့ထွက်သွားသည်..အဖေဖြစ်သူကလည်း Jungkook ကိုပြုံးပြကာနှုတ်ဆက်ပြီး ဘာမသိညာမသိ အခန်းထဲဝင်လာခဲ့သည်..

" ပြောစမ်း!!! Kim TaeTae ခုဏဘာလုပ်နေကြတာလည်း "

"အမေ သား "

" အနမ်းခံနေတာ အနမ်းခံနေတာ ငါနော် ရိုက်သတ်လိုက်ချင်တယ် နင့်ကိုငါဘာပြောထားလည်း ဟမ် ငါအဲ့လိုပုံစံမကြိုက်ဘူးလို့ပြောထားတယ်မဟုတ်ဘူးလား ယောကျားချင်းသဘောကျတာ ငါမကြိုက်ဘူးလို့ပြောထားတယ်မဟုတ်ဘူးလား!!!"

TaeTae ရဲ့ကျောပြင်ရော လက်ကိုပါတဘုံးဘုံးရိုက်ရင်းပြောနေတဲ့ အမေဖြစ်သူ..TaeTae ကလည်းငို Yoongi ကလည်း TaeTae ရှေ့က ကာပြီး သူပါအရိုက်ခံ အဖေဖြစ်သူကတော့ မိန်းမပြောတဲ့စကားကြောင့် ခဏမျှတော့ ငြိမ်သက်နေပေမယ့် ငယ်ငယ်လေးထဲက သားလေးကအဲ့လိုဆိုတာသိထားပြီးတာကြောင့် ဘာတခုမှဝင်မပြော..

" အမေ Kim Tae ကိုမရိုက်ပါနဲ့တော့ ကလေးလေး လက်ကျိုးထားတာကိုထိမိလိမ့်မယ် အမေတော်ပါတော့ "

" မတော်ဘူး အဲ့ကောင်လေးကဘယ်သူလည်းပြောစမ်း ဘယ်ကကောင်နဲ့ကြိုက်နေမှန်းမသိ အကိုဖြစ်ပြီး မင်းကရောလွှတ်ထားရလား "

ကိုကို့ ဘေဘီထယ် (Complete) Where stories live. Discover now