🙂‍↕️

1.9K 180 23
                                    

'ဟျောင်း တော်တော့လို့ ဟျောင်း!'

ဆောနူက ထိုသူ၏ ပေါင်ပေါ်မှာ ခွထိုင်လျှက် အနေအထားနှင့် ရှိနေရပြီး ထိုသူ၏ လက်မောင်းကလည်း ဆောနူ၏ ခါးသိမ်သိမ်လေးအား ဖြစ်ညှစ်ထားသည်မှာ သော့ကလောက်တစ်ခုအလား  နှူတ်ခမ်းထူထူတို့ကလည်း အတားအဆီးမရှိဘဲ ဆောနူ၏ လည်တိုင် ဖြူသွယ်သွယ်ထက် စုန်ချည် ဆန်ချည် သွားလာနေလျှက်သား

Airport ဆင်းရမှာမို့ shirt အပြာနုလက်ရှည်ကိုဝတ်ထားပေမယ့် ထိုသူ၏ လက်ချက်ကြောင့် ကြယ်သီးတွေမှာ ပြုတ်ကုန်ရသည် 

'ဆောနူ ဆောင်းဟွန်း မင်းတို့ ပစ္စည်းတွေ ယူပြီးရင် ဆင်းလာကြတော့ airport ဆင်းရတော့မယ်!'

မန်နေဂျာ၏ ဆော်ဩသံကြောင့် ဆောနူ၏ လက်ဖောင်း အိအိလေးများက သူ့လည်တိုင်ကို နမ်းရှူံ့နေတာ မရပ်သေးတဲ့ ဆောင်းဟွန်းအား တွန်းနေ၏ သို့သော် ဆောင်းဟွန်းက တုပ်တုပ်မှ မလှူပ်သည့်အပြင် ကျန်သည့်လက်တစ်ဖက်နှင့်ပါ ဆောနူ၏ ခါးသွယ်သွယ်အား ပို၍ သိမ်းကျုံးဖက်လာတော့၏

'ဟျောင်း ဘယ်လိုဖြစ်နေတာလဲ တကယ်ပဲ!'

လည်တိုင်သွယ်သွယ်ကနေ ဆင်းလာပြီး သူ၏ ညှပ်ရိုးအား အစွယ်ချွန်ချွန်နှင့် ကိုက်လာသည်မို့ ဆောနူ သည်းမခံတော့ပဲ အားပါပါနဲ့ တွန်းလိုက်တော့မှ ဆောင်းဟွန်းကိုယ်က နောက်ကိုယို့သွားတော့သည်  သို့သော်လည်း အနားကိုပြန်ကပ်လာသည်မို့ ဆောနူအခွင့်အရေးကို အမိယူပြီး ပေါင်ပေါ်မှ အောက်ကိုဆင်းကာ မတ်တပ်ရပ်နေလိုက်တော့သည်

'တော်လိုက်တော့ဟျောင်း ဒီနေ့ airport ဆင်းရပါမယ်ဆို ဘယ်လိုဖြစ်နေတာလဲ!'

ဒေါသထွက်နေသည်မို့ နဂို နို့နှစ်ရောင်သန်းနေသည့် ဆောနူ၏ အသားအေးမှာ စတော်ဘယ်ရီ နို့လေးကဲ့သို့ဖြစ်နေတော့၏ ဆေးထပ်ချွတ်ထားသော ဆံနွယ်ဝါဝါတို့ကလည်း ပုံသွင်းမထားသည်မို့ ဝဲကာ ကျနေလျှက် gloss ဆိုးထားသည့် ထန်ဟူလူနှုတ်ခမ်းတို့ကလည်း ဒေါသကြောင့် ဟစိဟစိက ဖြစ်နေသေးသည်

Let Me Where stories live. Discover now