မြောက်လေတိုက်ခတ်တဲ့ ဆောင်းဦးရာသီရဲ့ မနက်ခင်းတစ်ခုမှာ သွားချည်လာချည်နဲ့ လမ်းမတစ်လျှောက် ရှုပ်ရှပ်ခတ်နေတဲ့လူတွေ။
အအေးဓာတ်အနည်းငယ်ကဲနေပြီဖြစ်တဲ့ရာသီဥတုကြောင့် လူတိုင်းနီးပါး အနွေးထည်ကိုယ်စီနှင့်။ကိုယ့်ဦးတည်ရာကိုပဲ အာရုံစိုက်ပြီး အလောတကြီး သွားလာနေတဲ့လူတွေရယ် ပြီးတော့ လူသွားလမ်းပလက်ဖောင်းပေါ်မှာ ပြန့်ကျဲနေတဲ့ cosmos ပန်းတွေရယ်။
cosmos ပန်းတွေ ပွင့်တဲ့ ရာသီဖြစ်၍ ပွင့်ပြီး ကြွေကျလာတဲ့ cosmos ပန်းတွေဟာ လမ်းတစ်လျှောက် အနှံ့အပြားတွင် နေရာယူထားသည်။
မိမိနေထိုင်တဲ့လေးထပ်မြောက်တိုက်ခန်းရဲ့ ပြတင်းပေါက်လေးမှတစ်ဆင့် ထိုအရာများကို ပန်းချီကားတစ်ချပ်သဖွယ် ရူဆာရန်း ရှုစားနေမိသည်။
လေအေးအေးတစ်ချို့က ပြတင်းပေါက်ကနေတစ်ဆင့် ဆာရန်းခန္ဓာကိုယ်ကို လာထိတွေ့နေတာကြောင့် ဆိုဖာပေါ် ဟိုတစ်ထည် ဒီတစ်ထည်နဲ့ ပြန့်ကျဲနေတဲ့ အဝတ်ပုံထဲက အနွေးထည်အပါးတစ်ထည်ကို ယူဝတ်လိုက်သည်။
"အဟွတ်! အဟွတ်! "
အသင့်ဆောင်ထားတဲ့ လက်ကိုင်ပုဝါလေးကို ပါးစပ်တွင်အုပ်၍ကာလိုက်သည်။ ချောင်းဆိုးပြီးသောအခါ ထိုလက်ကိုင်ပုဝါလေးကို ဆာရန်း စိတ်ပျက်စွာကြည့်လိုက်မိသည်။
ထင်တဲ့အတိုင်းပါပဲလား ။
cosmos ပန်းတွေ...။
ဖြူစွတ်နေတဲ့လက်ကိုင်ပုဝါအသစ်လေးပေါ်မှာ နီရဲနေတဲ့ သွေးစတစ်ချို့ရယ် ပြီးတော့ ထိုသွေးတွေစွန်းနေတဲ့ cosmos ပန်းတွေရယ်။
လည်ချောင်းတစ်ခုလုံးမှာလည်း မခံမရပ်နိုင်အောင် နာကျင်ပြီးကျန်ခဲ့ရသည်။ချောင်းတစ်ခါဆိုးတိုင်း ဆာရန်းပါးစပ်ကနေ ထွက်ထွက်လာတဲ့ ရဲတောက်နေတဲ့ သွေးစတွေကို ရွံမုန်းလာသည်။
ထိုသွေးနဲ့အတူ ရောယှက်ကာပါလာသည့် cosmos ပန်းတွေကိုတော့ ဆာရန်းမမုန်းနိုင်ပါ။ မုန်းလည်းမမုန်းရက်ပါ။
ဆယ်ငါးနှစ်တာလုံး ဆာရန်းဘက်ကနေ တစ်ဖက်သတ် တမြတ်တနိုးနဲ့ချစ်ခဲ့ရတဲ့ သူမလေးကို ကိုယ်စားပြုတဲ့ ပန်းတွေကို ဘယ်စိတ်နဲ့ မုန်းရပါ့။
YOU ARE READING
𝘼𝙠𝙞𝙯𝙖𝙠𝙪𝙧𝙖
FanfictionYou make flowers grow in my lungs and although they are beautiful but I cannot breath...