"ကျုပ်ကိုဘာလို့အစောကြီးက မပြောလဲ"
မဟုတ်ပါက ဒီတံခါးရွက်ကိုပြင်ဖို့ အချိန်အများကြီးပေးခဲ့မှာမဟုတ်ချေ။
"ကိုယ်မေ့သွားလို့လေ"
ယုံကြည်ချင်စရာမရှိသောအပြုံးဖြင့် သူဆိုလိုက်၏။ လူငယ်လေးက ဓားမတစ်လက်ကိုဆွဲယူပြီး သစ်ခုတ်သွားရန်လှည့်ထွက်သွားသည်။
"ဘယ်လဲ"
သူ ချက်ချင်းပဲထရပ်လိုက်ကာ အကြောင်းပြချက်တစ်ခုရှာလိုက်သည်။
"ပြစ်ဒဏ်ကာလမပြီးမချင်း မင်းရွာကနေထွက်သွားလို့ မဖြစ်ဘူးလေ..... တစ်ယောက်ယောက်ကိုလူကြုံမှာလိုက်ရင်ရော မင်းက ကိုယ့်ဆီမှာနေခဲ့ပြီးစောင့်နေ"
သိုဝ် လက်မခံချင်သည့်တိုင် ရွာပြင်ထွက်မရသေးတာကြောင့် ဓားကိုပြန်ပစ်ချလိုက်သည်။
ဒီလိုနဲ့ အဖွဲ့တစ်ခု၏ခေါင်းဆောင်ဟာ ဆရာဝန်တစ်ယောက်၏အကြပ်ကိုင်ခြင်းနဲ့အတူ မအေ့အိမ်ကိုပင်မပြန်နိုင်ဘဲ နေခဲ့ရသည်။
တစ်နေကုန်သွားတော့ သူ စိတ်လှုပ်ရှားမှုအနည်းငယ်စွက်၍ လိုက်ကာများကိုဆွဲပိတ်လိုက်သည်။
ခုံပေါ်လှဲ၍ နဖူးပေါ်လက်တင်ကာ မျက်လုံးမှိတ်ထားသော လူငယ်လေးအနားသို့ နီးကပ်စွာထိုင်ချလိုက်ပြီး နားရွက်နားငုံ့ကိုင်းကာ......
"ကောင်လေး မင်းကိုယ့်ကိုတစ်ခုခုများကျွေးနိုင်မလား ကိုယ်အရမ်းဆာလောင်နေတယ်"
သူ၏လက်က လူငယ်၏ဝမ်းဗိုက်ထက် အကြံဆိုးများနဲ့အထက်အောက်ရွေ့လျားနေခဲ့သည်။ လူငယ်လေး၏မျက်ဝန်းတို့ပွင့်လာ၍ နက်ရှိုင်းသောအကြည့်များဖြင့်.....
"ဒါ ခင်ဗျားနေရာပဲမလား စားစရာရှိမှာပေါ့"
"ကိုယ်ဆာနေတာ တခြားတစ်ခုဆိုရင်ရော"
ပက်လက်အနေအထားလှဲအိပ်နေသဖြင့် ဘောင်းဘီအောက်ကထင်းထွက်နေသော အထုပ်အထည်ဆီသို့ သူ၏လက်တို့ ရဲတင်းစွာ ရောက်ရှိသွားသည်။ ထိုအခါ အေးစက်သောစကားလုံးက သူ၏နားထဲ တစ်လုံးချင်းလာရောက်ရိုက်ခတ်သည်။
"တန်ဖိုးမမဲ့နဲ့ အလကားရတဲ့ဟာက တန်ဖိုးမရှိဘူး"
သူ တန့်သွားပြီးနောက် သဘောကျစွာရယ်မောလိုက်တော့သည်။ သူ၏လက်သည်လည်း ဘောင်းဘီပေါ်မှထိထားရာက ရဲတင်းစွာအုပ်ကိုင်ပွတ်သပ်တော့သည်။