15

2.2K 98 20
                                    

Unknown Relationship  - 15

Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ 

WhyAlwaysMeBro: Wattpad 

Omega_heat: Telegram


“ဘာဖြစ်လို့လဲ”

“….”

ပိုင် မျက်လုံးတွေ နာကျင်နေပြီဖြစ်ရာ ထိုက် ကိုတွေ့လိုက်တဲ့အချိန် နှလုံးသားကပါ နာကျင်လာ၏။

ထိုက် လည်းသူ့အနားရောက်လာခဲ့တာ ဟိုးအရင်ကလို သူတို့ကိုနှိမ်ချဆက်ဆံပြီး အနိုင်ကျင့်ဖို့အတွက်ပဲမလား

“မင်းရဲ့ မင်းရဲ့….ယောက္ခမလောင်းကြီးရဲ့အတွက် ကျောက်ကပ်အစားထိုးကုသမှုအတွက် အလှူရှင်က ဘယ်သူလဲသိလား ထိုက်”

“….”

ထိုက် ရဲ့မျက်နှာက သိသိသာသာပျက်ယွင်းသွားသည်။ထိုက် ဆေးရုံကိုရောက်လာတယ်ဆိုတာ အစအဆုံးအကုန်သိသလို လဲ့လဲ့ ကိုလာကြိုမှန်း ပိုင် ခန့်မှန်းမိပါသည်။သူတို့လိုလူချမ်းသာတွေအတွက် ကျောက်ကပ် တစ်ခြမ်းရဖို့က လွယ်ကူပါလျှက် နဲ့ ဘာလို့မေမေမှလဲ ဆိုတာ ပိုင် မသိပါ

“အိမ်ပြန်ပို့ပေးမယ်”

“မထိနဲ့ ငါ့ကို…..မင်းတို့လူချမ်းသာတွေမှာပဲအသက်ရှိတာ မဟုတ်ဘူး ငါတို့မှာလည်း အသက်ဆိုတာရှိတယ် ငါ့အမေ ငါ့အမေ အသက်ဒီလောက်ကြီးနေပြီ ဒီအစားထိုးကုသမှုအတွင်းမှာတင် သေသွားနိုင်ချေအရမ်းများတယ် မင်းတို့လုပ်ရက်တယ် ငါ့အမေ ရဲ့ရိုးသားမှုကို အခွင့်ကောင်းယူတယ် …”

“ကျောက်ကပ်တစ်ခြမ်းပေးတာပဲ ဘာဖြစ်သွားမှာလဲ မင်းအမေက လက်ခံခဲ့တာ ပြီးတော့ အန်ကယ်မျိုးမင်း က မင်းအမေကို အကောင်းဆုံးဆရာဝန်တွေနဲ့ စီစဥ်ပေးထားတာ ပဲ မင်းဘာလို့ဇာချဲ့နေတာလဲ ပိုင်”

“ဒါဆိုလည်း မင်းကျောက်ကပ်ကိုပေးလိုက်ပါလား မင်းလဲ့လဲ့ ရဲ့ အမေပဲမဟုတ်လား မင်းမိန်းမလောင်းရဲ့အမေပဲလေ မင်းအမေရဲ့ကျောက်ကပ်ကိုပေးလိုက်လေ ဘာလို့ ငါ့အမေလဲ”

“မင်းအမေဆီကအလကားယူနေတာမဟုတ်ဘူး မင်းအမေရဲ့ရှိရင်းရောဂါတွေအကုန်ကုပေးထားတာလေ အဲ့အတွက် ဘယ်လောက်ကုန်လဲမင်းသိလား မင်းလစာနဲ့ဆို ဆယ်နှစ်စုတောင်မရဘူး”

ထိုက် ရဲ့အေးစက်စက်မျက်နှာကိုကြည့်ရင်း ရွံလာသည်။ထို့ကြောင့် ပိုင် အကြည့်လွှဲလိုက်ရင်း သူတစ်ယောက်တည်းနေဖို့ အိမ်ကိုပြန်ရန်တွေးတောလိုက်သည်။

သူကဇာချဲ့နေတာပေါ့ သူကပဲ အပိုလုပ်နေမိတာ ပိုင် ဘဝမှာ မှီတည်ရာဆိုလို့ ဒီအမေတစ်ယောက်ပဲရှိ လွဲချော်မှုတစ်ခုခုသာဖြစ်ခဲ့ရင် ပိုင် လည်းသေမှာ

တစ်ညလုံး အိပ်ယာထဲ လူးလွန့်နေမိသည်။သူတဖြေးဖြေး မေမေ့ကို နားချရန် ဆေးရုံကို အမြဲသွားပေမဲ့ မေမေကမတွေ့ချင်ဘူးဟု ဆိုလာသည်။ လဲ့လဲ့ တို့ကနောက်ပိုင်း ပိုင် နဲ့မေမေ့ကိုတွေ့ခွင့်တောင်မပေးကြ။ထို ရက်တွေအတွင်း ပိုင် ရူးမတတ်ဖြစ်နေခဲ့ရလေသည်။

ခွဲစိတ်မှုပြီးစီးသွားကြောင်းပြောပေမဲ့ တစ်ပတ်လုံးမေမေနဲ့သူမတွေ့ရ ဒေါ်မြရီဆေးရုံကဆင်းလာတာတောင် မေမေနဲ့သူတွေ့ဖို့ကိုလက်မခံကြသေး

ပိုင် လည်းအလုပ်တစ်ဖက် မေမေ့ကိစ္စတစ်ဖက်နဲ့ ဖြူကာပြာကာကျနေပြီ ဖြစ်သည်။

“Hello ပိုင်မှူးအလင်္ကာ ဟုတ်ပါသလား”

“ဟုတ် ... ဟုတ်ပါတယ်”

“Xxx ဆေးရုံကပါ ဒေါ်မြနွယ် အရေးပေါ်ခွဲစိတ်မှု ထပ်လုပ်ရမှာမလို့ သားဖြစ်သူ လာပေးလို့ရမလား ခွဲစိတ်မှုစရိတ်ကအရမ်းကြီးလို့ပါ”

ပိုင်  မန်ထိုတစ်လုံးကိုစားနေရင်း ထိုမန်ထိုများအောက်သို့ပြုတ်ကျသွားသည်အထိပင်။သူစုဆောင်းထားတဲ့ ငွေတစ်ချို့ကဒ်တွေကိုယူပြီးဆေးရုံသို့အပြေးအလွှားသွားခဲ့ရသည်။ဟိုရောက်တော့ လက်မှတ်ထိုးပေးပြီး ငွေချေလိုက်တာ လက်ထဲသောင်းကျော်သာကျန်တော့သည်။

အစားထိုးခွဲစိတ်မှု စရိတ်တွေရှင်းပေးသွားသည်ဟုဆိုသည်။ခွဲစိတ်မှုအပြီး ဒေါ်မြရီက ပြန်လည်ကောင်းမွန်လာပြီး ဒေါ်မြနွယ်ကတော့ အခြေအနေမကောင်းဘဲ အခြားပြင်ပရောဂါ ကူးစပ်ခဲ့သည့်အတွက်ဆေးရုံဆက်တတ်နေရပြီး အခုအရေးပေါ်ခွဲစိတ်မှုခံယူနေရသည်တဲ့။သည့်အတွက် ဒေါ်မြရီမိသားစုက တာဝန်တစ်စုံတစ်ရာမှ မယူနိုင်ကြောင်းပြောပြီး ပိုင် ကို ဆက်သွယ်ခိုင်းခဲ့သည်။ ပိုင် မေမေ့ကိုစိုးရိမ်တာရော သူတို့တွေကို ဒေါသထွက်တာကြောင့် ပါလူကဘုန်းဘုန်းလဲနေပြီ

နှစ်နာရီအကြာ ရောဂါရှာဖွေတွေ့ရှိပြီး ဆေးရုံမှာ တစ်လလောက်နေထိုင်ရမည်ဖြစ်ရာ ပိုင် မှာပိုက်ဆံအတွက်သောက စတင်လာတော့သည်။

“သား.....”

“မေမေ နေလို့သာရဲ့လား”

“အင်း ဆေးရုံဆက်မတတ်ချင်တော့ဘူး ပြန်ကြရအောင်”

“မဖြစ်ဘူးအမေ “

“သားပိုက်ဆံတွေ သားပိုက်ဆံတွေ”

“သားရှာနိုင်ပါတယ်စိတ်မပူနဲ့နော်”

ပိုင် စိတ်တွေ ဂဏာမငြိမ်တော့ပါ။ပိုက်ဆံအတွက်သူခေါင်းခဲလွန်းလှသည်။မေမေ့ကိုစောင့်ပေးနေရင်း ညလည်ခေါင်ကြီး ထဖောက်တာကြောင့် အရေးပေါ် ကုသမှုခံယူရပြန်သည်။ 

“ပိုင်”

ကော်ရစ်တာဘက်မှ ပိုင် နဲ့မျက်နှာချင်းဆိုင်အနေအထားဖြင့် ပိုင် ရှေ့ မားမားမတ်မတ် ရပ်နေသည့်သူတစ်ယောက်

“ထိုက်….”

“မင်းဘာလုပ်နေတာလဲ”

“ထိုက်… ထိုက် ငါ ငါ့ကို သိန်း၁၀၀ လောက်ချေးလို့ရမလား”

“ဘာရယ်....? သိန်းတစ်ရာ”

“အင်း ငါမင်းကိုသေချာပေါက်ပြန်ဆပ်မယ် ငါ့အမေအတွက် ဆေးရုံစရိတ်ကုသမှုအတွက်အရေးတကြီးလိုနေတယ် မင်းကူညီပေးလို့ရနိုင်မလား”

Unknown Relationship (Complete )Where stories live. Discover now