အခန္း(၂၄)

1K 47 6
                                    

Unicode

ဆေးရုံမှာ တစ်လကျော်လောက်ကြာပြီးနောက် နေဝန်းရဲ့ အခြေအနေက တော်တော်လေးကောင်းမွန်လာပြီး လက်ကပတ်တီးဖြေရသည်။ ဆေးရုံဆင်းခွင့်ရလာခဲ့ပေမဲ့လည်း ချမ်းဝေကလွဲပြီး ဘာကိုမှ မှတ်မိမလာသေးပေ။ ကောင်းလားဆိုးလားမသိပေမဲ့ လတ်တလောကိစ္စတွေက ဆိုးရွားနေခြင်းမျိုးမဟုတ်တာမို့ ဘုန်းမာန်ရော နိုင်စိုးရောက သူတို့သိထားသမျှတွေအား ထိုလူနှစ်ယောက်ဆီကို တစ်ခွန်းမှမဟခဲ့ကြပေ။

ဦးသက္ကရာဇ်က သူ့သားဖြစ်သူနေဝန်းလုပ်ထားခဲ့တဲ့ ကိစ္စတွေကို အနောက်ကနေလက်စလိုက်ဖြတ်ပေးပြီး နန်းဝေနဲ့ပတ်သတ်တာတွေအကုန် လက်စဖျောက်ပစ်ဖို့ မှာသွားခဲ့သည်။ ဘုန်းမာန်ကခေါင်းငြိမ့်ပြပေမဲ့ အကိုကြီးရဲ့စာကြည့်စားပွဲပေါ်မှာ သူတင်ထားခဲ့တဲ့ မိတ္တူဖိုင်ကိုတော့ မေ့လျော့နေခဲ့လေသည်။

နေဝန်းက ဆိုရှယ်မီဒီယာနဲ့အဆက်အသွယ်ဖြတ်ထားပြီး အပြည့်အဝပြန်လည်ကောင်းမွန်လာဖို့ အာရုံစိုက်ထားတာမို့ သူလုပ်ခဲ့တဲ့မကောင်းမှုတွေနဲ့ သူဘယ်လိုလူလဲဆိုတာ သိလာဖို့လမ်းကြောင်းမရှိ။ သူသိတာက ချမ်းဝေက သူနဲ့လက်ထပ်မဲ့သူဖြစ်ပြီး သူကချမ်းသာတဲ့အသိုင်းအဝိုင်းကြီးတစ်ခုက သူဌေးသားတစ်ယောက်။ သူ့ဆီကို သတင်းလာမေးတဲ့ သူငယ်ချင်းတွေအများအပြားရှိပြီး အားလုံးက သူ့ကိုအကိုကြီးလို့ခေါ်ကြတယ်။

အတိတ်မေ့နေတဲ့ နေဝန်းက လူသစ်တစ်ယောက်လိုပဲ။ အရက်ကိုလည်းမထိသလို သူ့ကိုယ်ပေါ်မှာ ဆေးလိပ်နံ့လည်းစွဲမနေတော့ပေ။ ဆေးလိပ်အစား ချမ်းဝေပေးတဲ့ သကြားလုံးတွေကို စွဲနေပြီး စာအုပ်ဖတ်တာက သူ့ဝါသနာဖြစ်လာခဲ့သည်။

"အကို ဘယ်တော့လောက် အရင်လိုရေပြန်ကူးနိုင်မှာလဲဟင်"

ရေကန်ဘေးမှာထိုင်ရင်း စာဖတ်နေတုန်း ယုန်ကလေးကမေးလာတာမို့ နေဝန်းက စာအုပ်ကိုအမှတ်အသားလုပ်ကာပိတ်လိုက်ပြီး

"ကိုယ်သေချာမပြောတတ်ဘူး နောက်လေးငါးလလောက်နေရင်ပေါ့"

"အရင်ကဆို အကိုက ရေကူးရင်း ကျွန်တော့်ကိုပါ ကန်ထဲချီပြီးစတတ်တယ်လေ ကျွန်တော်ကရေမကူးနိုင်တာမို့ အကိုကအဲ့လိုမျိုးလုပ်ပေးနေကြ"

Even The Devil , Once An Angel(COMPLETED)Hikayelerin yaşadığı yer. Şimdi keşfedin