အပိုင်း ၃၃၇ ၃၃၈ ၃၃၉ ၃၄၀ ၃၄၁

994 120 1
                                    

အပိုင်း ၃၃၇


ယုံးပြည်နယ်စစ်တပ်၏ လှုပ်ရှားမှုတွေက စနစ်တကျရှိကာ လေထုက တက်ကြွ၍ ရွှင်မြူးနေသည်။ ဒါဟာ သူတို့အရှင်သခင် ဘာမျှမဖြစ်သော သက်သေပင်။

တော်သေးတယ်။

စန်းယွမ်ယွမ် ခဏမျှစိတ်ငြိမ်အောင်လုပ်လိုက်သည်။ သို့ပေမဲ့ သူမစိုးရိမ်နေဆဲပင်။

ခဏလောက်တွေဝေနေပြီးမှ သူမဟာ လမ်းတစ်လျှောက် အမှတ်အသားများလုပ်ရင်း ထူးဆန်းသော ကျောက်ကဗျည်းတိုင်စိုက်ထူနေသော နေရာကို ရှာဖွေနေလိုက်သည်။

မကြာမီ တောင်ပေါ်တက်သည့်လမ်းတစ်ဝက်မှာ သူတို့ကိုတွေ့လိုက်ရလေသည်။

စန်းယွမ်ယွမ်မှာ သစ်ပင်များကြား၌ ဂရုတစိုက်ဖုံးကွယ်၍ ချောင်းကြည့်လိုက်သည်။

ချွီးယာအာအမည်ရှိအမျိုးသမီးအပြင် ဈာပနပွဲမှာ လူ၁၃ယောက်လည်း ပါသည်။ ဈာပနသီချင်း သီကြူးနေသော လူ၄ယောက်က ရပ်တန့်လိုက်ကြရင်း သူတို့နောက်က မြက်ခင်းပေါ်ထိုင်ချ၍ သူတို့၏ အင်္ကျီလက်ပွကြားကနေ ဘမ်းမုန့်တွေထုတ်၍ စားသောက်ကြလေတော့သည်။

တခြားလူ၈ယောက်က အုတ်ဂူတူးနေပြီး နံဘေး၌ ပွင့်နေသော ခေါင်းတလားတစ်ခုရှိသည်။ အမျိုးသမီးက အဝတ်တစ်ပိုင်းစကို လက်ထဲကိုင်ထားပြီး ခေါင်းတလားထဲထည့်ဖို့ တွန့်ဆုတ်နေသည်။

မဟုတ်မှ အဲ့ဒါ ယုံးဝူမင့် အဝတ်တွေလား။

စန်းယွမ်ယွမ် မျက်လုံးကိုမှေးကျဥ်းရင်း အသက်အောင့်၍ ထိုလူတွေကိုကြည့်လိုက်သည်။ သူမအမြင်အရ ပြဿနာရှိပုံတော့မရချေ။  နှဲမှုတ်သောလူနှင့် အုတ်ဂူတူးသောလူများ လက်မှာ အသားမာများတက်ခြင်းရှိမရှိ၊အဝတ်အစားတွေ ပုံမှန်ဆန်မှုရှိမရှိ၊ ဖိနပ်တွေစုတ်ပြဲမှုရှိမရှိ နားနောက်ကအရေပြားမှာ ဝိညာဥ်စွမ်းအားများ ညစ်ညမ်းခံနေရခြင်းရှိမရှိကဲ့သို့သော အသေးစိတ်တွေကိုသာစူးစမ်းကြည့်လိုက်သည်။

လှည့်ပတ်ကြည့်ပြီးနောက် ထိုလူတွေက သူမန်လူတွေပဲဆိုတာ သူမကောက်ချက်ချလိုက်သည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Onde histórias criam vida. Descubra agora