အခန္း (၂၅)

1.4K 51 17
                                    

Unicode

"ကျွန်တော်ဘယ်တော့လောက် စာပြန်ရေးနိုင်မလဲ"

"တစ်ခုခုကိုအချိန်အကြာကြီးဆုပ်ကိုင်ထားတာမျိုးတွေ မလုပ်ပါနဲ့ဦး အချိန်နည်းနည်းထပ်စောင့်သင့်သေးတယ်"

ဆရာဝန်ရဲ့ အကြံပြုချက်ကို နားထောင်နေရင်း နေဝန်းက ဆေးလိပ်သောက်မပြတ်။ အခုတလောအကိုက ထူးဆန်းနေသည်။ ဆရာဝန်ပြန်သွားတဲ့အထိ ဘေးမှာရှိနေတဲ့ ချမ်းဝေကို တစ်ချက်ပင်လှည့်ကြည့်မလာခဲ့ဘဲ ဖုန်းကိုပဲကြည့်နေသည်။

အကိုကဆေးလိပ်မသောက်တော့ဘူးထင်နေတာ ဒါပေမဲ့ အခုရက်ပိုင်း ဆေးလိပ်တွေပြန်သောက်နေပြီး စာအုပ်တွေကိုထိပင်မထိတော့၊ ဖုန်းကိုအချိန်ပြည့်ကြည့်နေတတ်ပြီး ဘာတွေကြည့်နေသလဲမေးဖို့ ချမ်းဝေမှာ မဝံ့ရဲခဲ့ပါပေ။ သူချစ်ပေမဲ့ အရှိန်အဝါတစ်ခုခြားထားတဲ့ အကိုပြန်ရောက်လာသလိုခံစားနေရပြီး သတိရပြန်ရလာတာလားသိချင်ပေမဲ့ အကိုက အခုချိန်ထိ ဘာကိုမှမမှတ်မိသေးဘူးပဲဆိုလာသည်။

"အကို"

"အင်း"

ချမ်းဝေခေါ်လိုက်ပေမဲ့ အကိုက ဖုန်းကိုအကြည့်မပြတ်ဘဲ သာမန်ကာလျှံကာ ပြန်ထူးလာသည်။

"အကိုဘာတွေကြည့်နေတာလဲဟင်"

"ကလေးတွေနဲ့မဆိုင်တာတွေပါ မင်းသိစရာမလိုဘူး"

"ဘာတွေမို့လို့လဲ"

"သိစရာမလိုဘူးလို့ကိုယ်ပြောနေတယ်လေ စကားထပ်မများနဲ့"

အကိုက ချမ်းဝေကို လျစ်လျူရှုလိုက်ပြီး နေရာမှထထွက်သွားကာ ခပ်လှမ်းလှမ်းမှာ သွားထိုင်သည်။ ချမ်းဝေက စိတ်ရှုပ်စရာလာလုပ်တာမို့ အာရုံနောက်သွားသည့်ဟန်၊ အကိုကသူ့ကိုစိတ်ပျက်လာပြီလား။ အတွေးနဲ့တင် ချမ်းဝေက မျက်ရည်ဝဲတက်လာပြီး သူ့အတွေးတွေ ရှေ့မဆက်ဖို့ရာ ခေါင်းကိုအတင်းခါထုတ်လိုက်သည်။ အကိုကအဲ့လိုပြောင်းလဲလာမဲ့လူမဟုတ်ဘူး။

နေဝန်းမသိချင်ယောင်ဆောင်ထားပေမဲ့ သူ့မျက်လုံးထောင့်ကနေ ဝမ်းနည်းနေတဲ့ကောင်လေးကို တစ်စွန်းတစ်စမြင်နေရသည်။ သူကမကောင်းတဲ့ကောင်မို့ ဒီကောင်လေးကို ထပ်ပြီးနာကျင်အောင်မလုပ်သင့်တော့ဘူး။ ဖြစ်ခဲ့တာတွေကို အခုထိမမှတ်မိသေးပေမဲ့ သူကတကယ်ဆိုးသွမ်းခဲ့တာတော့ အမှန်ပဲလေ။ ကိုယ်ချစ်ရတဲ့လူအပေါ် ဘယ်လိုတောင်လုပ်ရက်ခဲ့ရတာလဲ။

Even The Devil , Once An Angel(COMPLETED)Hikayelerin yaşadığı yer. Şimdi keşfedin