Unicode
10.3.2029
5 years later
ရောင်စုံပန်းခင်းကြီးတွေထဲ ပြေးလွှားနေတဲ့ ကလေးတွေကိုကြည့်ရင်း ကောင်ကလေးက ပြုံးနေသည်။ လွတ်လပ်ပြီး အချုပ်အနှောင်ကင်းတဲ့ သူတို့ဘဝလေးတွေလောက် တန်ဖိုးရှိတဲ့အရာ ဒီကမ္ဘာမှာနောက်ထပ်ရှိတော့မည်မထင်။ လန်းဆန်းတဲ့ နွေဦးရနံ့တွေက ပတ်ဝန်းကျင်တစ်ခွင် ပက်ဖြန်းထားပြီး စိုထိုင်းမှုနည်းတဲ့ လေသန့်သန့်ကို ဒီအချိန်တစ်ခုပဲ တစ်ဝကြီးခံစားလို့ရတာဖြစ်သည်။
"အပြင်မှာအကြာကြီးနေရင် သား နေမကောင်းဖြစ်မယ်နော်"
"နွေရာသီကြီးပါ မေမေရာ"
"နွေရာသီလည်း မင်းကအားနည်းတယ် အထဲကိုဝင်"
ခင်လဝန်းမေက ထိုကောင်လေးကို အထွန့်မတက်နဲ့ဆိုသည့်သဘော ဆူပူလိုက်ပြီး ဝှီးချဲလေးကိုဆွဲယူကာ အိမ်ထဲသွင်းသည်။
"ထမင်းစားခန်းထဲကိုသွားပြီး ဟင်းအိုးကြည့်ပေး ငါမင်းအဖေကိုသွားခေါ်လိုက်ဦးမယ် ရေခမ်းရင်ချလိုက်နော် ခဏနေထမင်းစားကြမယ်"
အိမ်ပေါက်ဝမှာ သူ့ကိုထားခဲ့ပြီး ခင်လဝန်းမေက အပြင်ကိုပြန်ထွက်သွားခဲ့၏။ ဝှီးချဲဘီးလေးကို တွန်းရင်း ထမင်းစားခန်းထဲက ပွက်ပွက်ဆူနေတဲ့ ဟင်းအိုးဆီသွားကြည့်သည်။ မီးပျက်နေတာမို့ ဂတ်စ်အိုးကြီးပေါ်တင်ကာ မေမေက ဝက်အသည်းကလီစာဟင်းကို ချက်နေ၏။ ရေခမ်းပြီးဆီပြန်ဖြစ်နေပြီမို့ ဂတ်စ်အိုးကိုပိတ်လိုက်ပြီး ပန်းကန်လုံးတစ်လုံးယူကာ ဟင်းတွေလှယ်ထည့်လိုက်ပြီး ထမင်းစားပွဲပေါ်တင်ထားလိုက်သည်။
အိမ်အကူမရှိတဲ့ သူတို့အိမ်မှာ မေမေက အခရာပင်။ အရင်ကတော့အိမ်အကူရှိတယ်ပြောတယ်၊ နောက်ပိုင်းမှမထားတော့တာတဲ့။ သုံးရက်တစ်ခါ တစ်အိမ်လုံးကို သန့်ရှင်းရေးလုပ်ပေးဖို့ အန်တီကြီးတွေလာတတ်ပြီး နေ့စဉ်ဝေယျာဝစ္စတွေကိုတော့ မေမေကလုပ်တာများသည်၊ သူကလည်းဘေးကနေ နိုင်သလောက် ကူညီပေးရလေသည်။
စားပွဲခုံကြီးပေါ်မှာ ဟင်းတွေလျှံပယ်နေပြီး မေမေကအမြဲ စကားနည်းပြီး စည်းကမ်းကြီးတဲ့ မိန်းမမျိုးဖြစ်တယ်။ သူ့ကိုလည်း အချိန်နဲ့အိပ် အချိန်နဲ့စား စည်းကမ်းတွေချတတ်ပြီး မချိုသာပေမဲ့ သူ့အပေါ်ကြင်နာတဲ့ အမေမျိုးဖြစ်လေသည်။
ESTÁS LEYENDO
Even The Devil , Once An Angel(COMPLETED)
RomanceSatan knows that he never be an angle again. Nay Wunn Arnar Chan Wai 14.3.23 9.8.24