ဒီနေ့ကျွန်တော့် နားရက်လေအလုပ်ကတစ်လကို နှစ်ရက်လောက်တော့ နားရက်ရှိတယ်အလှည့်နဲ့ပေါ့ ကျွန်တော်ရွှေတိဂုံဘုရားသွားဖို့ ယောပုဆိုးနီညိုရောင်လေးနဲ့
လည်ဂတုံအဖြူလက်ရှည်လေးနဲ့တွဲဝတ်လိုက်ပီးဘုရားသွားဖို့ကျွန်တော်ထွက်လာလိုက်တယ်********
ဘုရားပေါ်မရာက်ခင်ပန်းကပ်ဖို့နှင်းဆီနီတစ်စည်းကိုဝယ်လာခဲ့လိုက်တယ် ဘုရားရင်ပြင်ရောက်တော့ကျွန်တော့်နေ့နာမ်မှာပန်းကပ် ဘုရားရှိခိုးပီးပြန်ဆင်းလာလိုက်တယ် အပြန်လေကောင်းလေသန့်ရှူဖို့ကန်တော်ကြီးကို ဝင်လာလိုက်တယ်ဗျ
ဒုန်း..အ့..
"ခဗျားဘယ်လိုလုပ်လိုက်တာလဲဗျ!"
မထီအလုပ်ကိစ္စတစ်ခုနဲ့ကန်တော်ကြီးထဲကစားသောက်ဆိုင်မှာချိန်းလို့လာတာ အလုပ်ကိစ္စပီးလို့ ပြန်ဖို့ကားထဲရောက်ကာမှ ထိန်လင်းကို ဖုန်းဆက်ဖို့လုပ်ကာမှစားပွဲပေါ်ကျန်ခဲ့သော ဖုန်းကိုသတိရလို့ ပြန်ယူဖို့ ကားတစ်ခါးကားဖွင့်လိုက်တာ ချာတိတ်တစ််ယောက်လာတာကိုမမြင်လိုက်ဘဲ တံခါးနဲတိုက်မိသွားသည်
"မမြင်လို့ မတော်တဆ ခိုင်းမိတာလေးကို အဲ့လောက်အော်စရာ မလိုပါဘူး ဘာလဲလျှော်ကြေးလိုချင်လို့လား "
"မင်းဘာစကားပြောတာ ပိုက်ဆံရှိတယ်ဆိုတိုင်းလုပ်ချင်းလုပ်လို့ရမလား
ခဗျားလုပ်လို့ကျွန်တော့်အသားနာသွားပီးဗျအခုချက်ချင်း ပြန်တောင်းပန်ပါ ပီးမှကျွန်တော့်အဆိုးမဆိုနဲ့"အမယ်လူကြည့်တော့ ပုကွကွနဲ့တော်တော်စွာတဲ့ဟာလေးပဲ ခန္ဓာကိုယ်ကသာသေးကွေးပီးပုနေတာ လက်မကတော့တစ်ထောင်ထောင်နဲ့ ငါ့ဆီကတောင်းပန်စကားဆိုရင်တော့ မင်းကြားရမယ်မထင်နဲ့ကောင်လေး
"တောင်ပန်းစကားထက်ကျုပ်ပေးတဲ့ လျှော်ကြေးယူပီးအေးအေးဆေးဆေးပြန်တာကောင်းမယ် ထင်တယ်"
"မင်း မိုက်ရိုင်းလှချီလား စကားကိုဆင်ကျင်ပြောပါ ငွေရှိတယ်ဆိုတိုင်းလုပ်ချင်းလုပ်လို့ရတယ်ထင်နေလား အရာရာတိုင်းကို လုပ်ချင်ရာလုပ်ပီး ငွေနဲ့ရောအင့် ဆိုပီးပီးမယ်ထင်နေလား လောကငွေနဲ့ရှင်းမရာတဲ့အရာတေမှအများကြီး ကြည့်ရတာတော်တော်ဘဝင်မြင့် နေတဲ့ရုပ်နဲ့
အဲ့ငွေလဲ ကျွန်တော် မလိုချင်ဘူး အဲ့ဒီ့အစားမင်းငါ့ကို တောင်းပန်ရမယ်"