ငယ်လေးတစ်ယောက်ကိုကို့ကိုစိတ်ကောက်နေတာဒီနေ့ဆိုသုံးရက်ရှိပြီ။အကြောင်းကတော့ပြီးခဲ့တဲ့sundayမှာကိုကိုကသူငယ်ချင်းတွေနဲ့ချိန်းထားလို့ဆိုပြီးbarသွားလေးရဲ့။ငယ့်ကို ခေါ်ပေမဲ့ငယ်ကဖျားချင်နေတာကြောင့်မလိုက်ဖြစ်လိုက်ပါ။ပြီးတော့ငယ်အနေနဲ့ကိုကိုကအိမ်ထောင်သည်ဖြစ်နေလို့ဟိုမသွားရ၊ ဒီမသွားရဆိုတာမျိုးမဖြစ်စေချင်။ကိုကို့ကိုလွတ်လွတ်လပ်လပ်ပဲနေစေချင်သည်။ဒါကြောင့်လွှတ်လိုက်တာပါပဲ။ဒါပေမဲ့ အဲ့သူရိန်ယံဆိုတဲ့လူကြီးက ဇောင်းထဲကမြင်းလွှတ်လိုက်သလိုပါပဲ။အိမ်ထောင်ကျပြီးကတည်းကမပြန်ရတဲ့ ဒုတိယအိမ်ကိုပြန်သွားသလိုပဲ။အကဲလွန်ပြီးကားမမောင်းနိုင်လို့သူ့သူငယ်ချင်းတစ်ယောက်အိမ်မှာလိုက်အိပ်ရသည့်အဖြစ်။ငယ်ကလည်းကိုကိုလုပ်ချင်တာသာလုပ်ငယ့်ကိုဂရုမစိုက်နဲ့လို့ပြောပြီးသူ့ကိုပစ်ထားလိုက်သည်။
"အဲ့ဒါ ငါမှာလားသူငယ်ချင်းရယ် ငါမှာလား။ငါ့သူ့ကိုစိတ်မဆိုးသင့်ဘူးလား"
"အေးပါဟာ အေးပါ ဟုတ်တယ် ဒါတော့ ငါ့သူငယ်ချင်းမှန်တယ် ကိုသူရိန်မှားတယ်"
"အဲ့ဒါပြောတာ သူကကိုယ့်အမှားကိုမသိဘဲ ငါ့သူ့ကိုမခေါ်မပြောနေတာကိုနင်တို့တင်မကဘူး တစ်မျိုးလုံးကိုလိုက်ပြောနေတာဟေ့။တကယ် အဲ့ဒိလူကြီးတစ်ယောက်နဲ့စိတ်တိုလွန်းလို့သေတော့မယ်"
"အေးပါဟာ အေးပါ"
"ငါကလေ ဖြစ်စေချင်တာက မသွားနဲ့မဟုတ်ဘူး သွားပါ ငါမတားလိုဘူး။ခုတော့သွားလိုက်ရင်စည်းမဲ့ကမ်းမဲ့တွေဖြစ်ကုန်ရော။အကုန်သူတို့အဖွဲ့ကိုထိန်းမဲ့သူမရှိတော့ဘူး။ကိုယ့်ဘာကိုယ်ပျော်တာလဲပျော် သောက်တာလည်းသောက် အချိန်အခါနဲ့လည်းပြန်ပေါ့"
"အေးလေ သူငယ်ချင်းရယ် အဲ့တာသူ့ကိုသေချာပြောပြပေါ့"
"အမလေး ပြောစရာကမလိုတာပါဟယ်။ဒီအတိုင်းသိသိကြီးနဲ့ဆိုးတဲ့သိသိဆိုးဖြစ်နေတာ။အဲ့တော့စကားမပြောချင်လို့ပစ်ထားလိုက်တယ် မှတ်လောက်သားလောက်အောင်"
"ဟိုကလားနေမှာ နင့်ကိုအာချွှဲမတတ်လိုက်ချော့နေမှာမြင်ယောင်သေး"
YOU ARE READING
Lovely
Romancesex story ပါ❗ ဘာဗဟုသုတမှမရပါ‼️ ဘာမှအတုယူစရာမပါပါဘူးနော် သူရိန်ယံ လျှံခေတ်ရန်