Part.1

342 24 1
                                    

🌧️🌧️🌧️🌧️

ထိုနေ့ကမိုးတွေရွာနေခဲ့သည်။

ဟုတ်တယ်  ထိုနေ့....။

သူထိုကောင်လေးကိုစတွေ့ခဲ့တဲ့နေ့...။

"ဟေ့  ကောင်လေး ဒီမှာဘာထိုင်လုပ်နေတာလဲ...မိုးစဲသွားပြီလေ  မပြန်သေးဘူးလား"

အဲ့ဒီနေ့က ယွန်းဂီ ဘဝမှာပထမဆုံးအနေနဲ့ရင်တွေခုန်ခဲ့ရသည်။ဘာရယ်မဟုတ်သူ့ကိုမော့ကြည့်လာတဲ့မျက်ဝန်းဝိုင်းဝိုင်းလေးတွေကသူ့နှလုံးသားတခုလုံးကိုကိုင်လှုပ်ခဲ့သည်။

"မင်းကဘယ်ကလဲ မိဘတွေကရော"

သူမေးတော့ ထိုကလေးကခေါင်းသာခါပြလာသည်။သူမျက်မှောင်ကျုတ်လိုက်မိသည်။တကိုယ်လုံးလည်းရေတွေစိုရွှဲနေပြီးလက်နှစ်ဖက်နဲ့ကိုယ်ကိုပြန်ပိုက်ထားပုံကတကယ်ကိုအရမ်းချမ်းနေသည့်ပုံပင်။ပုံမှန်ဆိုယွန်းဂီဘယ်သူဘာဖြစ်ဖြစ်စိတ်မဝင်စားတတ်ပေမဲ့ဒီကလေးကတော့သူ့အာရုံကိုဖမ်းစားခဲ့သည်။

ယွန်းဂီကမိဘမဲ့တစ်ကောင်ကြွက်မို့ကိုယ်ဒူးကိုယ်ချွန်ရှာဖွေစားသောက်နေရသူဖြစ်သည်။ကံကောင်းထောက်မစွာဖြင့်မိဘ‌ေတွမဆုံးခင်ချန်ပေးခဲ့တဲ့အိမ်လေးတစ်လုံးတော့သူပိုင်သေးသည်။ အိမ်ကအတန်အသင့်ကြီးပြီးခေါင်းမိုးထပ်မှာအခန်းလေးတစ်ခန်းတောင်ရှိနေသေးသည်။
ဒါပေမဲ့လည်းလောကမှာအရေးကြီးဆုံးကပိုက်ဆံပဲမဟုတ်လား။အသက်၁၂နှစ်သာရှိသေးတဲ့သူ့အတွက်တော့‌ပိုက်ဆံရှာရတာအရမ်းကိုခက်ခဲနေသည်။

ဒါပေမဲ့သူကြိုးစားသည်။သူ့အရွယ်နဲ့လုပ်နိုင်လောက်တဲ့အလုပ်မှန်သမျှသူလုပ်သည်။ဥပမာသတင်းစာပို့တာမျိုး၊နွားနို့လိုက်ပို့တာမျိုး၊လမ်းထိပ်ကဆိုင်မှာစားပွဲထိုးလုပ်တာမျိုး၊အကုန်လုပ်သည်။အခုတော့သူဟာတဖြည်းဖြည်းနဲ့အရွယ်နဲ့မလိုက်အောင်ပိုက်ဆံကိုသိနေပြီပြီဖြစ်သည်။

" မင်းကဘယ်ကလဲ ဟျောင်းဒီကဖြတ်တာ‌လေးခါလောက်ရှိနေပြီ မင်းဒီမှာထိုင်နေတာတွေ့လို့..ဘာလဲ မင်းလမ်းပျောက်နေတာလား"

သူလေသံအေးအေးလေးနဲ့မေးလိုက်တော့ထိုကလေးကခေါင်းလေးငြိမ့်ပြလာသည်။

Stranger (သူစိမ်း)Where stories live. Discover now