Strange Proliferation Arc.3(1)

1.3K 18 0
                                    

                  ထူးဆန်းစွာပြန့်ပွားမှု...

     တူရိယာနံပါတ်များ တစ်ဖြည်းဖြည်းငြိမ်သက်သွားသည်ကို လူအိုကြီးကျိုးက ကြည့်နေသည်။
နတ်ဆိုးကို သူမယုံဘူးဆိုရင်တောင်မှ ဤတစ္ဆေပိုင်နက်ကို လုံးဝပိတ်လိုက်ပြီဆိုတာ သူဝန်ခံရမည်။သာမန်လူတွေ ဝင်လို့မရဘူး။စည်းတံဆိပ်မကပ်ထားသော်လည်း ဒါဟာကောင်းနေသေးသည်။သတင်းတွေ, အနည်းဆုံးအချိန်တိုအတွင်းတော့ လီဟိုင်းမြို့က ပိုပြီးလုံခြုံနိုင်ပါတယ်။
         သက်ပြင်းချပြီးနောက် လူအိုကြီးကျိုးသည် သူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ သံသယများကို ဖြေဖျောက်ရန် အချိန်ရခဲ့သည်။ဆေးလိပ်တစ်လိပ်ကို သူဆွဲထုတ်လိုက်တယ် မီးမညှိဘဲနဲ့သူ့နှုတ်ခမ်းတွင် ခဲထားလိုက်တယ်။ သူ့ရဲ့မျက်လုံးတွေကတော့ ကွဲပြားနေတယ်။

"အခုချိန်ထိ မင်းကိုငါဖုံးကွယ်ထားတာ မရှိဘူး..ဒါမှမဟုတ် ကမ္ဘာကြီးရဲ့ အဆုံးသတ်ကို ရောက်တော့မယ်ဆိုတာ မင်းသိထားပြီးသား.."

        အမဲဝတ်ထားတဲ့လူတွေက ဒီစကားကိုထပ်ကြားရတော့ အားလျော့သွားကြတယ်။

"လောင်ကျိုး...မင်းဒီစကားကို တစ်ကြီမ်ထပ်ပိုပြီး ပြောခဲ့ဖူးတယ်"...

        လူအိုကြီးကျိုးက မှိန်းနေရာကနေ ပြုံးလိုက်တယ်။

"တကယ်တော့....အိုး..တောင်းပန်ပါတယ် ငါနဲနဲရှုပ်သွားတယ်။ ဟေး...အဲ့ဒါကိုမေ့လိုက်တော့..ငါဒီအချိန်ပြန်သွားသင့်ပြီ။ပြီးတော့ အချို့မကြောင်းအရာတွေကို ရှင်းပြဖို့ အထူးအစည်းအဝေးလုပ်ရမယ်...ခဏတာတော့ ငါရှင်းရှင်းလင်းလင်း မပြောနိုင်သေးဘူး။"...

      အနက်ဝတ်ထားတဲ့သူတွေက အခုဘာမှမမေးနိုင်မှန်းသိလို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး လက်လျော့လိုက်ကြတယ်။သူ့လုပ်ဖော်ကိုင်ဘက်များက အထက်ကအမိန့်ဖြစ်နေသ၍ ရှေ့တန်းတွင်အမြဲ ရုန်းကန်နေရသည်။ အဲ့ဒါကဦးနှောက်မဲ့ရာ ကျတယ်ဆိုရင်တောင်  အကောင်အထည်ဖော်ဖို့သူတို့မတွန့်ဆုတ်ကြဘူး။အခုချိန်ထိ သူတို့ဘယ်အရာကိုမှ ရှင်းရှင်း လင်းလင်းမသိကြဘူး။ပြီးတော့ လက်နက်အပြည့်အစုံနဲ့ သူ့(လူအိုကျိုး)နောက်ကို လိုက်ကြသေးတယ်။
လာပါ...သူတို့တွေအရင်ဘဝကလို အလားတူလုပ်ဆောင်ခဲ့ပြီး မသိပဲပျံ့နှံ့နေတဲ့ သရဲနယ်မြေများစွာကို ဖောက်ထွင်းဝင်ရောက်ခဲ့ပေမယ့် ဘာသတင်းမှမရရှိခဲ့ပေ။

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now