Ep 39

1.3K 73 9
                                    

Ep 39

Uni+Zaw

(A/N လက်ရှိကာလ Ep 36 ရဲ့အဆက်ပါနော်)

" မြင်ပြီလား ဒေါင်းလွမ်းဏီ "

မျက်စိတစ်ဆုံးမြင်လိုက်ရသော မြင်ကွင်းကြောင့် ဒေါင်းလွမ်းဏီ အလွန်အမင်းထိတ်လန့်တုန်လှုပ်နေမိသည်။

" ဒါတွေအားလုံးက မင်းကိုယ်တိုင်ရက်ရက်စက်စက်မီးရှို့ပြီးသတ်ခဲ့တဲ့ ခေါင်အာလူမျိုးတွေရဲ့ အသက်တွေပဲ "

စီစီရီရီစိုက်ထူထားသည့် မြောက်များစွာသောသေဆုံးသူများ၏ အထိမ်းအမှတ်အုတ်ဂူအမှတ်အားများ.....။အတိတ်မှ မှတ်ဥာဏ်ပုံရိပ်တချို့က ဖြည်းဖြည်းချင်းထင်ဟပ်လာခဲ့သည်။တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်မီးလျှံတွေနဲ့အတူ  ကျေနပ်အားရနေသောမျက်လုံးများ.....။

ပို၍ ပို၍ ထင်ရှားလာသည့် ၎င်းမှတ်ဥာဏ်များအား ဒေါင်းလွမ်းဏီလက်မခံရဲ၍ မျက်လုံးတို့စုံမှိတ်ကာ လက်နှစ်ဖက်နှင့်နားတို့ကိုပါ ဖိအုပ်ပစ်လိုက်သည်။

" အဖြစ်အပျက်အားလုံးကို မင်းမှတ်မိတယ်မလား! "

" သေချာကြည့်လိုက်စမ်းပါ ဒေါင်းလွမ်းဏီ! "

" မင်းကိုယ်တိုင် ရက်ရက်စက်စက်သတ်ခဲ့တဲ့ လူတွေရဲ့ ဝိဥာဥ်တွေအခုထိမကျွတ်သေးဘူး "

အဘိုးအို၏ အသံသည်ဝမ်းနည်း​ကြေကွဲမှုများဖြင့်တုန်ယင်နေ၏။

ဒေါင်းလွမ်းဏီမျက်စိရှေ့တွင်ရှိနေသည်က ခေါင်အာလူမျိုးတို့၏ သင်္ချိုင်းကြီးပင်ဖြစ်သည်။မျက်စိတစ်ဆုံး စိုက်ထူထားသည့် အုတ်ဂူအမှတ်အသားများသည် များပြားလွန်း၍ ရေတွက်လို့ပင်မရ။၎င်း၏ အလယ်ဗဟိုတွင် သေသေချာချာဆောက်လုပ်ထားသော စံအိမ်ငယ်လေးများလည်းရှိသည်။

" မဟုတ်ဘူး!! ကျွန်တော်မဟုတ်ဘူး!! "

ရာပေါင်းများစွာသော လူတွေရဲ့အသက်ကိုရက်ရက်စက်စက်သတ်ခဲ့တဲ့သူမှာ သူကိုယ်တိုင်ဖြစ်နေသည်ဆိုတဲ့ အမှန်တရားက ဒေါင်းလွမ်းဏီအား တုန်လှုပ်ချောက်ချားစေ၏။

" မင်းကြောင့် ငါတို့ခေါင်အာလူမျိုးစုတစ်ခုလုံး အစိတ်စိတ်အမွှာမွှာဖြစ်ခဲ့ရတာ.....။ရစရာမရှိအောင် သေကြေပျက်စီးခဲ့ကြရတာ! "

သခင်ကြီးနှင့်စံအိမ်တော်Where stories live. Discover now