အခန်း 4

26 0 0
                                    

မင်းမင်း မန္တလေးရောက်တော့ ငါးနာရီထိုးတော့မည်
"ဒီ ဒီ ဒီ ဒီ"
ဖုန်းဝင်လာတော့ ကိကိ
"အေး ငါ နန်းရှေ့ကျော်လာပြီ"
"ငါ အဲ့ဒါဆို ခြံထဲပဲ မောင်းသွားတော့မယ်ကွာ မလာတော့ဘူး ဟိုရာက်မှဆုံမယ်"
ကိကိနှင့်ရာဇာက ခြံထဲမရောက်သေးကြောင်းလှမပြောခြင်းဖြစ်သည် ထွက်လာခါနီးမှ ရာဇာ့ အမျိုးတယောက်ဆေးရုံးတက်နေသောကြောင့် လူနာသွားမေးရမည်ဖြစ်ကြောင်းနှင့် ပြီးမှ ခြံထဲတန်းဆင်းလာမည်ဟုသိရသည်
မင်းမင်းခြံရှိရာ လမ်းထဲကွေ့ဝင်လာသည်
မရောက်တာ ကြာပြီဆိုပေမဲ့ စိမ်းသက်မနေပါ
ခြံက လမ်းအဆုံး မှာရှိသဖြင့်ကျယ်ဝန်းပြီး တိတ်တဆိတ်ရှိလှသည်
ဖွားဖွား ရဲ့ မိဘအမွေအိမ်ကြီးဖြစ်သည့်အလျောက် သက်တမ်းမနုတော့ပေမဲ့ ထိန်းသိမ်းစောင့်ရှောက်မှုကောင်းလှသဖြင့် ဝင့်ဝင့်ထည်ထည်ရှိလှသည်
ခြံထဲမှာ နဂါးမောက်ပင်အများအပြားစိုက်ပျိုးထားပြီး မေမြို့ပန်းခင်းများလည်းရှိသည်
အိမ်ရှင် တွေလာမနေကြပေမဲ့ အိမ်ကြီးကိုစောင့်ရှောက်ပေးနေသော ဦးမြအောင်တို့မိသားစုနဲ့ အလုပ်သမားများ၏စေတနာကြောင့် ခြံနှင့်အိမ်က စိုစိုပြေပြေရှိလှသည်
အခုလည်း ဧည့်သည်တွေလာမည်ဖြစ်တာကြောင့် တစ်ခြံလုံးရှင်းလင်း စိုပြေနေသည်မှာ ဖွားဖွား မြင်လျှင် ဦးမြအောင် ကြီး ချီးကျူးခံရတော့မည်
ဖွားဖွားလွှတ်လို့သာလာရတာ မင်းမင်း ကြီးကြပ်စရာပင်မလို အားလုံးက တာဝန်ကျေစွာလုပ်ဆောင်ထားပြီးသား
ခြံထဲမှာ သင့်လျော်သေ‌ာနေရာ၌ကားရပ်ပြီး မင်းမင်း ဆင်းလာခဲ့သည်
အားလုံးက သူ့အလုပ်နဲ့သူမို့ မင်းမင်းဝင်လာကြသည်ကိုမသိ
"ဦးမြ "
ပန်းပင်တွေရေလောင်းနေသော ဦးမြအောင် ခေါ်သံကြားလို့ လှည့်ကြည်လိုက်သည့်အခါ
"ဟင် သခင်လေး ပါလား"
"ဟာ ‌ဇော်ကြီးတို့ ဖိုးလုံးတို့ ဘယ်ရောက်နေလဲဟေ့
ဒီမှာ သခင်လေးရောက်လာတယ်ကွ လာကြိုကြလေ"
"သခင်လေးရာ ဦီးမြမေ့နေတာ ဒေါ်ဒေါ် ဖုန်းဆက်ထားတယ် သခင်လေးလာမယ်ဆိုတာ  "
"ရတယ် ဦးမြရာ ကျွန်တော်လည်း အားလုံးအလုပ်ရှုပ်နေမှန်းသိလို့ တိတ်တိတ်လေးဝင်လာတာ ခြံတံခါးလည်းဖွင့်ထားတာနဲ့ ဧည့်သည်တွေကရော ရောက်ပြီလား ကျွန်တော်လည်း ဖွားဖွားလှမ်းပြောတာနဲ့ ပြင်ဦးလွင်ကနေတန်းဆင်းလာတာ "
"သူတို့လည်း စောစောကပဲ ဖုန်းဝင်လာတယ် တိုးဂိတ်ကျော်လာပြီဆိုလို့ ဦးမြ ကျော်ခေါင့်ကို သ‌ွားကြိုခိုင်းထားတယ်လေ အဲ့ဒါကြောင့် ခြံတံခါးဖွင့်ထားလိုက်တာ"
‌"အော် ဟုတ်ကဲ့ပါ ဦးမြရေ အဲ့ဒါဆို ကျွန်တော် ရေမိုးချိုးအဝတ်လဲချင်လို့ အခန်းထဲသွားတော့မယ်နော် အထုပ်တွေနောက်ခန်းထဲမှာ တစ်ယောက်လောက်ပို့ခိုင်းပေးပါဦး ကျွန်တော့အခန်းရှင်းထားတယ်မလား"
"အသင့်ပါပဲ သခင်လေး"
"ဒါနဲ့ ကျွန်တော့်သူငယ်ချင်းတွေလာကြဦးမယ် ဦးမြ ကိကိတို့‌ သူတို့လာရင် ဦးမြ ကျွန်တော့်အခန်းထဲပဲ ခေါ်လာလိုက်ပါ"
"ကောင်းပါပြီ သခင်လေး"
ဘိုးဘွားစဉ်ဆက်ကြွယ်ဝချမ်းသာသော မိသားစုကဆင်းသက်လာသူပီပီ အနေတည်ပြီး ဩဇာညောင်းလှသည် ငယ်စဉ်ကတည်းက အဖွားဖြစ်သူရဲ့မြှောက်စားမှုနဲ့အတူ အိမ်ရှိအလုပ်သမားအားလုံးက သခင်လေးဟု တလေးတစား ခေါ်ဝေါ်ဆက်ဆံကြသည်တစ်အိမ်လုံးရဲ့ အချစ်တော် မင်းမင်း(ခွန်ရန်နောင်မင်း)
မင်းမင်းအခန်းထဲရောက်တာနဲ့အဝတ်အစားတွေချွတ်ကာ ခါးတွင်သပတ်တစ်ထည်ပတ်လျက်ရေချိုးခန်းထဲဝင်လိုက်သည် ရေပန်းအောက်ဝင်လျက် ရေပန်းကိုဖွင့်ချလိုက်သည် ဖွားခနဲကျလာသော ရေစက်ရေမှုန်တို့က နက်မှောင်နေသော ဆံပင်တွေမှတစ်ဆင့် တောင့်တင်းဖြူဝင်းသော ခန္ဓာကိုယ်ဆီလိမ့်ဆင်းကာ သန်ရှင်းစင်ကြယ်သောခြေဖမိုးပေါ်ထိကျ၏
ရှည်လျားသော အရပ်က ၆'ပေကို၁"စွန်း‌ေသးသည်
ထူထဲသောမျက်ခုံးကတန်းလျက် တည်ကြည်လေးနက်ဖွယ်သော မျက်ဝန်းနက်နက်နဲ့ ဖြောင့်စင်းသောနှာတံနှင့်အတူ သေသပ်ပိရိလှစွာ‌ေသနှုတ်ခမ်းတစ်စုံက ငေးမောဖွယ်ရာအတိ....
မင်းမင်းဆိုသောသူက အစစအရာရာ ပြီးပြည့်စုံသော
မိန်းကလေးတိုင်း၏စိတ်ကူးယဉ်အိမ်မက်ထဲက မင်းသားလေးတစ်ပါးပင်
ကျောင်းတက်တုန်းကလည်း ကျောင်းသူတိုင်းရဲ့ပါးစပ်ဖျားမှာ သူ
တက္ကသိုလ်ရောက်ပြန်တော့လည်း သူက အားလုံးထဲက ကြယ်ပွင့် ....
ခြုံပြောရရင် လိုတရတဲ့ ဘဝကိုပိုင်တဲ့သူ ဘာမှ ပြစ်ချက် အားနည်းချက်မရှိသူတစ်ယောက်ပေါ့...

မောင့်ရပ်ဝန်းငယ်Where stories live. Discover now