နောက်ရက် ဂျီယွန်း လဲ သက်သာပြီးကျောင်းပြန်တက်နိုင်ပါပြီ
အတန်းပိုင်ဆရာမက စာသင်ခန်းထဲဝင်လာပြီး "ကလေးတို့ ငါတို့ နောက်အပတ်ထဲအသင်းလှုပ်ရှားမှာရှိတယ်" လို့ပြောပါတယ် ကျောင်သားတွေကတော့ပျော်နေကြပါပြီ "ညနေတိုင်း ကိုယ့်clubကိုသွားကြပြီးအစီအစဥ်ဆွဲလို့ရပါတယ်"....~~~~~~~~~
ညနေနောက်ဆုံးချိန် အာလုံးကိုယ့်ကလပ်ကိုသွားပြီး ပြင်ဆင်ကြပါပြီ ဂျီယွန်းတို့ကတော့ ဓာတ်ပုံ club မှာ ဘာလုပ်ရမလဲ စဥ်းစားနေကြတာပေါ့
club ခေါင်းဆောင်ကတော ဓာတ်ပုံပြခန်းလိုမျိုးလုပ်ဖို့တွေးထားတယ်လို့ပြောတော့ အာလုံးကလဲလက်ခံကြပါတယ် ဒီလိုနဲ့ အစီအစဥ်တွေဆွဲကြပါတော့တယ်....
ဂျီမင်းနဲ့ ဂျီယွန်း စတိုခန်းမှာ လိုအပ်တဲ့ပစ္စည်းသွားယူပေးဖို့ အသင်းခေါင်းဆောင်အကူအညီတောင်းတော့ သူတို့နှစ်ယောက် သွားယူပါတယ်
စတိုခန်းထဲရောက်တော့ယူရမဲ့ ပစည်းကတော်တော်လေး မြင့်နေတာပေါ့ ဂျီမင်း က အသုံးဝင်မဲ့ပစ္စည်းကို ရှာပေမဲ့ မတွေတော့ ဂျီယွန်းက ဘေးကခုံလေးဆွဲပေးလိုက်ပါတယ် အဲ့လိုနဲ့ဂျီယွန်းချပေးတဲ့ခုံလေးနဲ့ဘဲ သူတက်ယူလိုက်ပေမဲ့ တော်တော်လေးမြင့်တော့ ပြုတ်ကျမလိုဖြစ်နေတဲ့ပစ္စည်းကို လိုက်ဖမ်းရင်း မျက်နှာချင်းဆိုင်လေး ဖြစ်နေပါတယ်.....
ဂျီမင်းက ဂျီယွန်းကို "ငါနင့်ကိုချစ်တယ်" လို့ပြောလိုက်ပြီး ဂျီယွန်းကတော့ "ငါက မိန်းကလေးလေ" လို့ပြောခဲ့တယ်
ဂျီမင်းက မိန်းကလေး မို့လို့ မကြိုက်ရဘူး မတွဲရဘူး မိန်းကလေးအချင်းချင်းချစ်လို့မရဘူး လို့
မစဥ်းစားပါဘူး အဲ့တာကြောင့် "သူက မိန်းကလေး လေ" လို့ပြောခဲ့တဲ့ "ဂျီယွန်း ကို
နင်ငါ့ကိုမချစ်ဘူးလား ငါက ငါတို့က အချင်းချင်း ချစ်နေမိတယ်လို့ တွေးထားတာ ငါကမှားတွေးမိပုံဘဲ တောင်းပန်တယ် ငါရဲ့တစ်ဖက်သက်အချစ်လို့ဘဲ ထားလိုက်ပါတော့..."လို့ ပြောခဲ့တယ်
ဂျီယွန်းက တစ်ချက်ရယ်ပြီးတော့ ဒီလိုပြန်ပြောခဲ့တယ် "ငါကနင်ရဲ့ တစ်ဖက်သက်အချစ်လား ဘယ်လိုလုပ်ရမလဲ နင်က ငါရဲ့ အချစ်ဦးလေ"
ဂျီမင်းက ပျော်ရွှင်နေတဲ့မျက်လုံးနဲ့ ဂျီယွန်းကိုကြည့်ကာ တစ်ချက်နမ်းလိုက်ပါတယ်...ဒီလိုနဲ့
ပစ္စည်လေးယူပြီး အခန်းကိုပြန်သွားကြပါတော့တယ်...
YOU ARE READING
ONLY YOU CAN SEE
Fantasyပန်းနာရင်ကျပ်ကြောင့် လေကောင်းလေသန့်ရတဲ့နေရာသွားနေတဲ့ တစ်ဦးတည်းသောသမီးလေးဂျီယွန်းနဲ့ ဂျီယွန်းချစ်မြတ်နိုးရတော့ ဂျီမင်းလေး ရဲ့ story လေးတစ်ပုဒ်....