Arc(12) ဟွေ့ရှောက်ရယ်(၉)။
လင်ခုံးလုမှာလင်းနို့လေး၏တင်ပြချက်ကိုကြားလိုက်ရပြီးနောက် ရှန်စစ်ကဒီလောက်လေးလေးနက်နက်လုပ်နေတာမမမို့ နှစ်သက်မှုနှုန်းရလိုရငြားသူသာပူးပေါင်းမဆောင်ရွက်ရင်မသင့်တော်ဘူးဟုခံစားလိုက်ရသည်။
ဒီတော့ထိုညအမြန်ကားနှင့်အော်ဒါလိုက်ပို့ပြီးနောက်မှာသူအိုင်ဗန်ကိုဆက်သွယ်ပြီးလိမ်းဆေးကူဝယ်ခိုင်းလိုက်သည်။
"တအားစျေးကြီးစရာမလိုဘူး။ ၉.၉ယွမ်လောက်ပဲ။"
သူသတိပေးလိုက်သည်။"ဟုတ်ကဲ့လူကြီးမင်း၊ ကျွန်တော်မစ်ရှင်ကိုပြီးအောင်လုပ်မယ်လို့ကတိပေးပါတယ်။" အိုင်ဗန်ချက်ချင်းလင်းနို့အသွင်ပြောင်းကာပျံထွက်သွားလိုက်သည်။
တစ်အောင့်ကြာတော့သူလိမ်းဆေးဝယ်ကာရောက်လာပြီးစိတ်အားထက်သန်စွာမေးလာသည်။
"လူကြီးမင်းဘာဝယ်ဖို့လိုသေးလဲဗျ?"လင်ခုံးလုမှာ"မရှိဘူး"ဟုပြောဖို့ပြင်လိုက်ပေမဲ့သူ၏နံပါတ်တစ်ငယ်သားဖြစ်ရန်ဆုံးဖြတ်ထားသည့်အိုင်ဗန်ကအကြုံပြုလာသည်။
"လူကြီးမင်းအခုချမ်းသာနေပြီကို ဘာလို့အဝတ်အစားနည်းနည်းပါးပါးမဝယ်တာလဲ။ လူကြီးမင်းမှာရှိတာတွေကဒီရာသီမှာခေတ်စားတာမဟုတ်တော့ဘူးလေ။"လင်ခုံးလုတွေးကြည့်မိတော့တကယ်ဝယ်ဖို့လိုသည်ဟုခံစားလိုက်ရသည်။
ဒါပေါ့၊ သူခေတ်စားတဲ့စတိုင်အသစ်ပြောင်းချင်တာမဟုတ်ပေမဲ့...
မကြာခဏအပြင်ထွက်ပြီးအပျော်အပါးလိုက်စားတတ်တဲ့ရက်စက်တဲ့မေမေလေးဇာတ်ကောင်ကိုကစားဖို့အတွက် သူ့မှာအဝတ်ဆိုလို့စကပ်များသာရှိတာသိပ်မကောင်းပေ။
အခုဆိုသူဒီပုံရိပ်ကိုကစားဖို့မလိုတော့ဘူးဆိုတော့ဘာလို့ဒါတွေကိုဝတ်ဖို့လိုအုံးမှာလဲနော်?
သူ့မှာပိုက်ဆံမရှိတုန်းကဘာမှမဖြစ်ပေမဲ့အခုဆိုပိုက်ဆံရှိလာပြီမို့အဝတ်အစားဝယ်ဖို့အချိန်ရောက်ပြီပင်။
ဒီတော့သူခေါင်းအသာငြိမ့်လိုက်သည်။
အနာဂတ်နံပါတ်တစ်ငယ်သားလေးအိုင်ဗန်မှာဒါကိုမြင်တော့ချက်ချင်းပြောလာသည်။
"လူကြီးမင်းကျွန်တော်လူသားအဝတ်ဘရန်းအကြောင်းအများကြီးသိတယ်။ ကျွန်တော်လူကြီးမင်းကိုအသားကောင်းပြီးကုန်ကျစရိတ်သက်သာတဲ့အဝတ်တွေကိုဝယ်ဖို့ခေါ်သွားပေးမယ်။"
ထိုသို့ပြောပြီးနောက်သူလင်းနို့မှလူသားအသွင်ပြောင်းကာတက်ကြွစွာဖြင့်လမ်းပြလိုက်သည်။
YOU ARE READING
ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]
AcciónArc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့