Chapter 133: Back to Zongmen

990 154 1
                                    

Unicode

မြောက်ပိုင်း ဆေးဝိညာဉ်ဥယျာဉ်။

"ပြန်လာပြီလား" ချိုးယွင်က ရှောင်ကျင့်ထျင်ကို သူ့မျက်လုံးတွေနဲ့ စူးစမ်းကြည့်လိုက်သည်။

"ဟုတ်တယ်! ဘဏ္ဍာစိုးချိုးက ရွှေအမြုတေအဆင့်ကို ရောက်သွားပြီလို့ ကြားတယ်။ ဂုဏ်ယူပါတယ်!" ရှောင်ကျင့်ထျင်က သူ့လက်သီးကို ဆုပ်လိုက်ပြီး ကြင်နာစွာ ပြောလိုက်သည်။

ချိုးယွင်က အေးစက်စွာ ပြုံးပြီး "ဒါက ရွှေအမြုတေအဆင့်ပါပဲ၊ ဘာမှ ကြီးကြီးမားမား မရှိပါဘူး။ သန့်စင်ယန်မီးရဲ့အကျိုးသက်ရောက်မှုသာ မရှိခဲ့ရင် ရွှေအမြုတေအဆင့်ကို အခုမှရောက်မှာမဟုတ်ဘူး"

"ဘဏ္ဍာစိုးချိုးမှာ ထူးချွန်ထက်မြက်တဲ့ အရည်အချင်းတွေရှိတာကြောင့် ရွှေအမြုတေအဆင့်ကို တက်လှမ်းဖို့ သဘာဝကျကျ မျှော်လင့်ထားပါတယ်" ချိုးယွင်က သန့်စင်ယန်မီးအကြောင်းကို ပွင့်ပွင့်လင်းလင်းပြောနေတာကို ကြားတော့ ရှောင်ကျင့်ထျင် အနည်းငယ် ထိတ်လန့်သွားတယ်။ ချိုးယွင်သည် သန့်စင်ယန်မီးကြောင့် စိတ်ပူပန်နေပြီး ရှေ့မတိုးနိုင်တော့ကြောင်း သူသိသော်လည်း ပွင့်ပွင့်လင်းလင်းပြောသည်ကိုကြားတော့ သူ အနည်းငယ် အံ့သြသွားသေးသည်။

ချိုးယွင်က ရယ်မောပြီး "အနှေးနဲ့အမြန် မင်းလည်း ဒီလိုနေ့မျိုး ရောက်ပါလိမ့်မယ်" ဟုပြောလိုက်၏။

"ဘဏ္ဍာစိုးချိုးက ကျုပ်ကို အထင်ကြီးနေပါပြီ။ တကယ်တော့ ကျုပ်ရဲ့ အရည်အချင်းက သိပ်မကောင်းပါဘူး၊ ဒါကြောင့် ရွှေအမြုတေအဆင့်ကို ရောက်ဖို့ မလွယ်မှာကို ကြောက်မိတယ်" ရှောင်ကျင့်ထျင်က အားကိုးရာမဲ့ အပြုံးဖြင့် ပြောလိုက်သည်။

ချိုးယွင်က သူ့လက်ကို ဝှေ့ယမ်းပြီး ပြော၏။ "မင်းကံကောင်းနေသရွေ့ မင်းရဲ့ အရည်အချင်းက မကောင်းလည်း ကိစ္စမရှိပါဘူး။ ရှောင်သခင်လေးက ကံကြမ္မာကြီးတဲ့လူတစ်ယောက်ပါပဲ"

"ဘဏ္ဍာစိုးချိုး၊ ခင်ဗျား ကျုပ်ကို မြှောက်ပင့်လွန်းနေပါပြီ" ရှောင်ကျင့်ထျင်က ပြောသည်။

"ငါ မင်းကို မြှောက်ပင့်နေတာမဟုတ်ဘူး။ ဒီတစ်ကြိမ်သွေးနတ်ဆိုးဂိုဏ်းမှာ ဖမ်းထားတဲ့ သတ္တုတွင်းကျွန်တွေထဲက ဆယ်ယောက်မှာ ကိုးယောက်လောက်ကတော့ ကျွန်းပေါ်မှာပဲ သေဆုံးသွားခဲ့ကြတယ်။ မင်းရဲ့သားနှစ်ယောက်ဟာ ကျွန်းကနေလွတ်မြောက်လာရုံသာမက အခြေတည်ဝိညာဉ်အဆင့်အကြီးအကဲတစ်ယောက်ရဲ့ ကိုယ်တိုင်ကိုယ်ကျ ပြန်ပို့ခြင်းခံခဲ့ရသေးတယ်။ ဒါတွေအားလုံးအတွက် မင်းကို ဂုဏ်ပြုသင့်ပါတယ်" ဟု ချိုးယွင်က ပြုံးပြုံးလေး ပြောလိုက်လေသည်။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းTempat cerita menjadi hidup. Temukan sekarang