“Fot Fot မင်းကလဲ ကလေးကျနေတာပဲကွာ..”
Gem ကတော့ ရယ်မောစွာပြောနေတယ်…
“အင်း အင်း နောက်နေ့ကျ လာခေါ်မယ်နော်… မကောက်နဲ့တော့”
Gem သူပုခုံးကို လှုပ်ကာပြောနေသည်။
Fotက သူ၏ လက်ကို Gem၏လက်ကထဲမှ ဆတ်ခနဲ့ ရုန်းထွက်လိုက်သည်။
“မလိုဘူး.. ငါ့ဘာသာလာတတ်တယ်..”
“ဟင်..”
Gem က သူဒီလိုစကားကို ပြောမယ်လို့မထင်တဲ့ပုံပင်… Gem၏မျက်နှာ ဖြတ်ခနဲ့ပျက်သွားခဲ့သည်။
“ဟား ဟားးး Fot ကလဲကွာ ငါမှားသွားပါတယ်.. လာခေါ်မယ်နော…”
“မင်းဘာသာ ခေါ်ချင်ခေါ် မခေါ်ချင်နေ”
“အင်း ခေါ်မှာပေါ့”
Gem ၏ မျက်နှာက ကောင်းမနေတော့ဘူး… သူလဲဘာလို့မသိ ဘုကလန့်ချည်းပဲ ပြောနေမိသည်။
သူခေါင်းကို ခပ်ကြမ်းကြမ်း ကုတ်ပစ်လိုက်မိသည်။
မသိတော့ဘူးကွာ…
Gem က အဲ့နေ့နောက်ပိုင်း ပုံမှန်အတိုင်းလာခေါ်ခဲ့သည်။ ဒါပေမဲ့ သူတို့ကြားထဲ တစ်ခုခုက နည်းနည်း ကွာခြားသွားသလို ခံစားရသည်။
တစ်ခုခု ခံနေသလို…
Gem ကို ကြည့်ရတာ အရင်ကနဲ့ မတူတော့သလိုပဲ…..
Gem က May ရင်းနှီးလာခဲ့ပြီး သူနဲ့ဝေးကွာလာသလိုမျိုး သူခံစားနေရသည်။
May နဲ့ စာကြည့်တိုက်သွားတယ်… May နဲ့ မုန့်စားတယ်… May နဲ့….. May နဲ့ ချည်းပဲ…
……….....................
“Fot Fot ငါတို့ဒီညနေ ဘောလုံးကစားကြမို့ မင်းပါလိုက်ခဲ့… ဟိုဘက် ကျောင်းကကောင်တွေနဲ့ ချိန်းပွဲကွ..”
သူတို့ အခန်းထဲကသူတွေက ဘောလုံးချိန်းပွဲအတွက် သူ့ကိုပါ ကပ်ခေါ်နေခဲ့သည်။
“Gem ရောပဲနော Gem ပါလိုက်ရမှာ.. မင်းတို့ ၂ကောင်ပါရင်တော့ နိုင်မှာသေချာတယ်.. လိုက်ခဲ့ရမယ်”
ဟိုကောင်တွေ ခေါ်တော့ Gem က သူ့ကို လှည့်ကြည့်လာသည်။
“ငါကသွားမှာ… မင်းကမလိုက်ဘူးလား…”