ခေတ် နာမည် ခေတ်သဒ္ဒါမောင်ပါ၊ နည်းနည်းတော့ရှည်တယ်ဟုတ်။ဦးမြင့်မောင်နဲ့ ဒေါ်သဒ္ဒါလွင် တို့ကမွေးထားတော့ နာမည်ကနည်းနည်းရှည်သွားတယ်။နာမည်ရှည်သလို လူကလဲကလန်ကလား ငယ်ငယ်ကတော့ အကောင်သေးပြီး 10တန်းနှစ်ရောက်မှအရပ်ရှည်လာခဲ့သည်။။တစ်ခု ပြောပြရရင် ခေတ်က ပန်းချီဝါသနာရှင်တစ်ယောက် ပညာရှင်တော့မဟုတ်ပါဘူး။ ဒီအတိုင်း ဝါသနာအရ ဆွဲဖြစ်တယ် ဆိုပါတော့။
အခုကတော့ အနုပညာနဲ့ ကျောင်းပြီပြီး သေသေချာချာ ပန်းချီ ပညာကို လေ့လာဖြစ်ခဲ့တယ်။
အဲ့လို ကိုယ်ဖြစ်ချင်တာကို အာရုံစိုက်ပြီး လုပ်ဖြစ်ရခြင်းကလည်း အကြောင်းအရင်း ရှိခဲ့ပါတယ်။ဘာလိုလဲ ဆိုရင် ခေတ် တို့ ၇တန်းနှစ်ရောက်တော့ ခေတ်တို့ကျောင်းကို ဆရာမ တစ်ယောက် ပြောင်းလာခဲ့တယ်။အဲ့ဒီဆရာမ နာမည်က ဒေါ်မေရီချို တဲ့။ စ ပြောင်း လာတည်းက နာမည်ကြီးခဲ့တယ် ဆရာမ က နန်းဆန်းတယ် အရမ်းလဲလှတယ် ပြီးတော့ မျက်နှာထားကလဲ အမြဲတည်နေတတ်တယ်။
လုပ်ဖော်ကိုင်ဖက်တွေကြားထဲမှာတော့ ဆရာမက အနေတည်တယ် ထက်မြတ်တယ် တော်တယ် စသဖြင့် နာမည်ကြီးပြီး ခေတ်တို့လို့ ကျောင်းသူ ကျောင်းသားတွေကြမှာတော့ စည်းကမ်းကြီးတယ် ပြတ်သားတယ် မျက်နှားတည်တယ် စသဖြင့် နာမည်ကြီးလေသည်။
ဆရာမအချိန်ဆိုရင် တစ်ကျောင်းလုံးမှာ ဖိုက်တာ ပါဆိုတဲ့ ကောင်လေးတွေတောင် တိတ်ဆိတ်နေကြသည်။အဲ့ဒီလို ပါဝါရှိခဲ့တဲ့ ဒေါ်မေရီချိုပင်။
အဲ့ဒီလိုမျိုး ကြောက်ရပါတယ်ဆိုတဲ့ ဆရာမအချိန်မှ ခေတ် ပုံ ခိုးဆွဲတာကို မိပါလေရော။ပုံ ကလဲ ဆရာမရဲ့ပုံပင်။ဘာလို့ဆို သူငယ်ချင်းတွေ အချင်းခြင်း လောင်းကြေးထပ်ပြီး ဆရာမအချိန်မှာ ဆရာမပုံကို ဆွဲနိုင်ရင် ခေတ် ရဲ့ တစ်ပတ်စာမုန့်ဖိုးကို သူတို့တာဝန်ယူမယ်တဲ့။ခေတ် ကိုယ်တိုင်ကလဲ မသုံးနိုင် လို့ မဟုတ်ပေမဲ့ ခေတ်ရဲ့ မာနနဲ့ ခေတ် လုပ်နိုင်တယ်ဆိုတဲ့ စိတ်ကြောင့် အဲ့ဒီအလောင်းအစားကို လက်ခံလိုက် သည်။
ကံမကောင်းခြင်တော့ ပုံကြမ်းလေးခြစ်လို့ ပြီးခါနီးမှ မိလေရော။