အပိုင်း (၁၇၂) ဇနီးလေးအတွက် ပန်းထိုးပညာသည်ကို အိမ်တော်သို့ဖိတ်ကြားခြင်း
နောက်တစ်နေ့မနက်တွင် ပိုင်လီက ရှောင်ဟန်က မလိုက်တော့ဘူးဆို၍ ပိုင်မိန်နဲ့အသေးလေးတွေကိုရော မခေါ်တော့ဘဲ သူတစ်ယောက်ထဲသာ ချောင်ချင်းချင်းနဲ့ သူမအစေခံလေးကို ပြန်လိုက်ပို့လိုက်လေသည်။
ပိုင်လီက ချောင်ချင်းချင်းကို ဟုန်ရင်းလက်ထဲထည့်ပြီးတာနဲ့ အိမ်ထဲတောင်မဝင်တော့ဘဲ ပြန်ပြေးလာခဲ့ပါတယ်။
ဘာလို့ဆို သူက ချောင်ချင်းချင်းအနေနဲ့ သူမဖြစ်ချင်တာ ခွင့်ပြုချက်ရဖို့ဆို သူမမိဘတွေနဲ့ တိုက်ပွဲကြီးကြီးဝင်ရဦးမယ်ဆိုတာ သိနေလို့လေ။
သူက သူများမိသားစု တိုက်ပွဲတွေကြားမှာ ဝင်ပါမနေချင်ပါဘူးနော်။
ဒါကြောင့် ပိုင်လီက ချောင်အိမ်ကနေ အမြန်ပြန်ပြေးလာအပြီးတွင် ချောင်ရန်ကိုပင် သွားနှုတ်ဆက်မနေတော့ပါချေ။ ပြီးတာနဲ့ သူက ပန်းထိုးဖိနပ်ရောင်းတဲ့ အဒေါ်ကြီးဆိုင်ကို အပြေးသွားခဲ့ပါတယ်။
ဒီအဒေါ်ကြီးနှင့် ပတ်သက်ပြီးပြောရလျှင် ပိုင်လီက သိပ်မကြာခင်ကတည်းက သူမကို အကျိုးကြောင်း ပြောပြထားပြီသားပင်ဖြစ်သည်။
သူ့ဇနီးနဲ့ သူ့မိသားစုဝင်တချို့ကို ပန်းထိုးအတတ်ပညာ သင်ပေးဖို့ကိုလေ။
သူက ကြားထဲမှာ သူမကို စဥ်းစားရန် အချိန်အလုံလောက်ပေးထားခဲ့ပြီး ဒီနေ့တွင် သူမထံက အဖြေကိုသိရရန် လာခဲ့တာပင်။ အကယ်၍ သူမကသာ ကမ်းလှမ်းချက်ကို လက်မခံဘူးဆိုရင် ပိုင်လီကတခြားတစ်ယောက်ကို ရှာရမှာပါ။
သို့သော် အဖြေကတော့ သူထင်သည့်အတိုင်းပါပင်။
ပိုင်လီကမ်းလှမ်းသည့် အခကြေးငွေသည် များပြားလွန်းတာကြောင့်ရော၊ ထိုအဒေါ်ကြီးက ပိုင်လီတို့မိသားစုကို သဘောကျတာကြောင့်ရော ဖြစ်လိမ့်မည်။ သူမက ပိုင်လီကမ်းလှမ်းချက်ကို သဘောတူခဲ့၏။
ဒါကြောင့် ပိုင်လီက ထိုနေ့၌ပင် သူမကို တစ်ခါတည်း နန်ချောင်းရွာက သူ့အိမ်တော်သို့ ခေါ်ဆောင်သွားခဲ့တော့ကာ သူမကလည်း ပြင်ဆင်ပြီးဖြစ်သဖြင့် မငြင်းဆန်ခဲ့ပါချေ။
YOU ARE READING
အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ (Completed) အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ